28 November 2013

Android Version 2.3.3 မှ 4.3 အထိ ထည့်သွင်းနိုင်မည့် Smart GApps APK ထွက်ရှိ...



 ဒီ APK လေးကတော့ Gmail, Talk နဲ့ Google Play Store ထည့်သွင်းဖို့အတွက်ပါ... Goo.im မှ GApps များကို အခြေခံထားတဲ့အတွက် Error အနည်းဆုံးဖြစ်မှာပါ... 2.3.5-7 အတွက် gapps-gb-20110828-signed.zip 4.0.3-4 အတွက် gapps-ics-20120429-signed.zip 4.1.x အတွက် gapps-jb-20121011-signed.zip 4.2.2 အတွက် gapps-jb-20130812-signed.zip 4.3.0 အတွက် gapps-jb-20130813-signed.zip တို့ကို သုံးထားပါတယ်... 4.1.1 နဲ့ 4.2.1 တို့မှာမသုံးပါနဲ့... ဒီဗားရှင်းမှာ အဲ့ကောင်တွေ ထည့်မထားပါဘူး... Talk နဲ့အဆင်မပြေရင် Hangouts ပြောင်းသုံးဖို့အကြံပြုချင်ပါတယ်...
Link 1 
Link 2

Credit to ကိုကျော်စွာသွင်(Dev)
အဆင်ပြေပါစေ . . .

4.0 MMSD Gapp Installer(Android 4.0 မှ 4.0.4 အထိ Gtalk,Gmail,Playstore သွင်းရန်)

Screenshot_2013-11-21-14-08-55



 Screenshot_2013-11-21-13-37-17



Screenshot_2013-11-21-13-37-27



Screenshot_2013-11-21-13-37-31

 
Screenshot_2013-11-21-13-37-11

Android version 4.0 ကနေ 4.0.4  အတွက် Google App သွင်းလို့ရတဲ့ Apk လေးကို

MMSD ကနေ Free မျှဝေလိုက်ပါတယ်။

ဒီ APK မှာပါတဲ့ Function နှစ်ခုကတော့ Delete Now နဲ့ Install Now ပါ။

Delete Now ကတော့ Android version 4.0 ကျော်ရင်အသုံးပြုလို့ရမည်ဖြစ်ပြီး

ဒီ Function ကိုအသုံးပြုကာ ဖုန်းအတွင်းထည့်သွင်းထားသော Google App
များကို ပြန်လည်ဖျက်လို့ရပါတယ်။
မည့်သည့် Google App Installer များဖြင့်သွင်းထားပြီး Error တက်နေရင် ဒီ Function နဲ့
Error ရှင်းနိုင်ပါတယ်။

Install Now ဆိုတဲ့ Function ကတော့ Android version 4.0 မှ 4.0.4 အထိသာ
အသုံးပြုနိုင်ပြီး

Gmail,Gtalk, နဲ့ Google Playstore များကိုသွင်းနိုင်ပါတယ်။

10Mb သာသာ ရှိတဲ့ Apk လေးဖြစ်တဲ့အတွက်အသုံးပြုရလွယ်ကူပါတယ်။

ဒီ App ကိုအသုံးပြုရန်အတွက် Android version 4.0 နဲ့အထက်ရှိရပါမယ်။

ဒီ App ကိုတိုက်ရိုက်ဒေါင်းရန်အတွက် Google Play Store ကနေဒေါင်းယူနိုင်ပါတယ်။

Playstore က ဒေါင်းယူခြင်းဖြင့်ကူညီပါအုံး =D

Playstore မှာဒေါင်းယူပြီး Rate 5 Stars လေးပေးပါအုံးခင်ဗျာ။

ဒီမှာဒေါင်းပါ။
https://play.google.com/store/apps/details?id=com.phyochan.foutzerogappinstaller

Play Store ပေါ်ကနေ မဒေါင်းနိုင်သူများ ဒီမှာဒေါင်းပါ =D

http://www.mediafire.com/download/j8sbpfcjvqs3cbi/4.0%20MMSD%20Gapp%20Installer.apk

အဆင်ပြေပါစေ . . .

VLC Player သုံးပြီး ရုပ်မြင်သံကြားလိုင်းများ ကြည့်ကြမယ်

မင်္ဂလာပါ
 နိုင်ငံခြားရောက်ဘ၀တူသူငယ်ချင်းများအတွက် မြန်မာပြည်မှရုပ်မြင်သံကြားအစီအစဉ်များကို ကွန်ပျုတာမှ ကြည့်ရှုနည်းကိုဝေမျှလိုက်ပါတယ်။ ထိုင်းလို နီးတဲ့နိုင်ငံကတော့ Package အနေနဲ့  ကြည့်လို့ရပေမယ့် အဝေးကြီးရောက်နေသူများ ကတော့ရံဖန်ရံခါ မြန်မာ့သတင်းများနဲ့တချို့သော အစီအစဉ်များကို လိုအပ်လျှင်ကြည့်နိုင်ရန်ပါ...
 


၁။ VLC Player ကို Install လုပ်ပါ။
http://www.filehippo.com/download_vlc_32/

၂။ VLC Player မှာ Setting တချို့ကိုထည့်သွင်းရပါမယ်။
Tools>
Preferences Ctrl + P >
Input / Codecs >
RTP Over RTSP ( TCP ) နေရာမှာ အမှတ်ချစ်ပါ
Save ကိုနှိပ်ပါ။

VLC Player အပေါ်ဘယ်ဘက်ဒေါင့်မှာ
Media >
Open Netwrork Stream Ctrl + N >
Please enter a network URL နေရာမှာ
အောက်ဖေါ်ပြပါ URL များကိုဖြည့်ပေးပါ

ပြီးလျှင် Play ကိုနှိပ်ပါ။
ကြည့်လို့ရပါပြီ။

ကြည့်နိုင်သောလိုင်းများ

မြ၀တီရုပ်မြင်သံကြား
http://www.myawaddy.net.mm/mwdlive

MRTV 4 ရုပ်မြင်သံကြား
rtsp://50.7.230.90:1935/liveedge/channel1

France 24 Hours Live TV
mms://stream1.france24.yacast.net/f24_liveen

MTV Euroupe
rtsp://173.193.20.150:1935/mtv/43

Russia Live TV
rtsp://fms.pik-tv.com/live/piktv3pik3tv

B4U Music TV
rtsp://46.249.213.87:554/playlists/4musictv_hvga.hpl.3gp

အလွမ်းပြေပေါ့ဗျာ...

ဦးအောင်သန်းဦး
MMiTD


Credit to www.itfree4u.net
ကျေးဇူးတင်စွာဖြင့်
iTFree4U

အဆင်ပြေပါစေ . . .

23 November 2013

MPT Net Setting v1.0 for Android

 
မြန်မာ့ဆက်သွယ်ရေးရဲ့ ဖုန်းတွေဖြစ်တဲ့ GSM/WCDMA ဖုန်းတွေရဲ့ Internet Setting များကို ခလုတ်တစ်ချက်နှိပ်ရုံနဲ့ အင်တာနက် setting များကို auto ဖြည့်ပေးမယ့် MPT Net Setting ဆော့ဝဲလေးကိုရေးသားလိုက်ပါတယ်။ Android ဖုန်းတွေအတွက်ပါ။ အရင်က APN Insert ဆိုတဲ့နာမည်နဲ့ရေးခဲ့ပြီး အခုတော့ MPT Net Setting ဆိုတဲ့နာမည်နဲ့ ဒီဆော့ဝဲလေးကိုပြန်လည်ပြင်ဆင်ရေးသားထားပါတယ် ။ GSM/WCDMA ဖုန်းတွေရဲ့ internet setting တွေကို ခလုတ်တစ်ချက်နှိပ်ရုံနဲ့ setting ထည့်ပြီးဖြစ်စေမှာပါ။ MPT Net Setting ဆော့ဝဲလေးကိုရေးသားသူကတော့ ကိုသက်နိုင်စိုး (http://www.facebook.com/thetnaing.mmas) ဖြစ်ပါတယ်။ MPT Net Setting v1.0 for Android ကို အောက်က link များမှာရယူနိုင်ပါပြီ။
MPT Net Setting v1.0 for Android (Ge.tt link)
MPT Net Setting v1.0 for Android (Solidfiles link)
https://play.google.com/store/apps/details?id=com.mmas.apninsert&hl=en (Google Play Link)

Credit to www.myanmarmobileapp.com

19 November 2013

Built In မြန်မာစာမပါသောAndroid ဖုန်းတချို့တွင် Built In မြန်မာစာစနစ်ထည့်သွင်းခြင်း


ဒါလေးကတော့ပျဉ်းမနားသားဘလော့ကတွေ့လို့မလာတာပါ သူပြောထားပုံအရဆိုရင်လန်းတယ်ဗျ အဲဒါကြောင့်ပြန်လည်မျှဝေလိုက်ပါတယ်ခင်ဗျာ ပျဉ်းမနားသားကိုလည်း Credit ပေးပါတယ်ခင်ဗျာ...
ဒါကတော့ကျွန်တော်စမ်းသပ်ထားတဲ့ကျွန်တော့်ရဲ့Samsung Galaxy Tab 2 P3100 လေးဖြစ်ပါတယ်။။။
Version ကတော့ 4.2.2 ကိုတင်ထားပါတယ်...မြန်မာစာက Built in မပါတော့တော်တော်လေးစိတ်ညစ်
ခဲ့ပါတယ်....အခုတော့ကျွန်တော်တော်တော်လေးစိတ်သက်သာသွားပါပြီ...ဘာဖြစ်လို့လဲဆိုတော့
ကျွန်တော့်သူငယ်ချင်းဆောင်းညီဦး(ပျဉ်းမနားသား)ကကျွန်တော့်ကိုSoftwareလေးတစ်ခုပေးတယ်။။။
သူကတော့HTC One ကိုင်ပါတယ်...သူ့ဖုန်းကလည်း Built In မြန်မာစာမပါဘူးဆိုတော့သူလည်းရှာတွေ့
ထားတာကိုကျွန်တော့်ကိုပြန်ပေးတယ်..သူ့ဖုန်းမှာတော့မြန်မာစာတချို့နေရာတွေမှာလွဲနေတာလေးတွေရှိနေ
ပါတယ်...ကျွန်တော့်Tabletလေးမှာတော့မြန်မာစာကDate&Timeမှာလောက်လွဲမှားပြီးကျန်တဲ့နေရာတွေမှာ
တော့မလွဲသလောက်ကိုရှိပါတယ်.....
ဒီအောက်ကScreen Shot လေးကကျွန်တော့်သူငယ်ချင်းဖုန်းလေးကိုစမ်းသပ်ထားတာပါ.....

ကဲဒီနည်းလေးကိုသိပြီးသားလူတွေလည်းရှိကောင်းရှိနိုင်ပါတယ်...
ကျွန်တော်ကတော့ခုမှာစမ်းသပ်ပြီးဖြစ်လို့နည်းပညာကိုပြန်လည်ဝေမျှပေးလိုက်ပါတယ်....
ဒီကောင်လေးကထွေထွေထူးထူးမဟုတ်ပါဘူးးးAPKလေးတစ်ခုတည်းနဲ့ဘဲမြန်မာစာစနစ်ပြောင်းသွားမယ်ဆို
ရင်သင်ယုံမလားးးးး???
ကျွန်တော်တောင်အစကလုံးဝမယုံလို့စမ်းလိုက်တာတော်တော်မျက်လုံးပျူးသွားတယ်...
ဒီApp လေးကတော့ MoreLocale 2 လို့အမည်ရတဲ့အစွမ်းထက်တဲ့Appလေးဖြစ်ပါတယ်...
ဒီAppလေးကိုအသုံးပြုဖို့အတွက်Root Accessတော့ရှိရပါမယ်...
မှတ်ချက်။။   ။။ဖုန်းတိုင်းနှင့်အဆင်မပြေပါ...။Samsung တော်တော်များများနှင့်အဆင်ပြေပါလိမ့်မယ်...
                  Sony တစ်ချို့ဖုန်းတွေမှာလည်းအလုပ်လုပ်ပါတယ်..(Xperi Z မပါပါ)...
ဒီAppလေးကိုဒေါင်းပြီးဖုန်းရဲ့ညာဘက်ထောင့်နားလေးကCustom Localeကိုနှိပ်လိုက်ပါက
အပေါ်ကပုံလေးအတိုင်းပေါ်လာပါမယ်..
Language - my
Country   - MM
ပြီးရင်တော့ Set ကိုနှိပ်လိုက်ပါ....
Permission တောင်းရင်တော့ Allowပေးပြီး ဖုန်းကိုRebootလုပ်ပေးပါ....
ပြန်တက်လာရင်တော့မြန်မာစာလေးနဲ့လန်းနေပြီနော်...
အားလုံးအဆင်ပြေပါစေ
Software ပေးတဲ့ကျွန်တော့်ရဲ့Best Friend ဆောင်းညီဦးကိုလည်းကျေးဇူးတင်ပါတယ်...
Download Link For MoreLocale 2

18 November 2013

ဇော်ဂျီမြန်မာဖောင့် Android version 4.2.2 အထိ Root မလိုပဲအသုံးပြုလို့ရပါတယ်

Android version 4.2.2တွေကစပြီး မြန်မာစာမမှန်ဘူးလို့ပြောနေကြလို့ အခု နည်းပညာများ ဆော့ဝဲလ်များနှင့်Gameများ Blogမှာတွေ့လို့ ပြန်လည်မျှဝေလိုက်တာပါ။ ဒီPostကိုရေးသား
တဲ့ ကို Thet Paingကိုလည်း Creditပေးပါတယ်။

 
 
 ဇော်ဂျီဖောင့်ဟာ android version 4.2.2ကနေစပြီး

သုံးလို့မရတော့ပါ။Rootဖောက်ပြီးမှသာအသုံးပြုနိုင်
ကြတယ်။rootဖောက်ပြီးတာတောင် font ပုံစံတွေ
ပြောင်းလဲလိုမရတော့ပါဘူး။ အခုပြသာနာကိုဒီဖောင့်
လေးများကဖြေရှင်းပေး နိုင်ပါတယ်။ ကြိုက်နှစ်သက်
ရာကိုထည်သွင်းအသုံးပြုနိုင်ပါတယ်။ samsung ဖုန်း
တွေအတွက်အဓိကထားလုပ်ဆောင်ထားတာဖြစ်ပါ
တယ်။တစ်ခြားဖုန်းတွေ ကိုတော့စမ်းသပ်ခြင်းမပြု
လုပ်ရသေးပါဘူး။ ကျွန်တော်စမ်းသပ်ထားတာတော့
version 4.3အထိဖြစ်ပါတယ်။ ဖောင့်ပုံစံလေးတွေ
ပြောင်းပြီးလန်းလိုက်ကြရအောင်ခင်ဗျာ။
လိုချင်ရင်တော့အောက်မှာဒေါင်းနိုင်ပါတယ်။
 
OR


တခြားဖုန်းများနှင့်စမ်းသပ်လို့အောင်မြင်ခဲ့ရင်
ပြောပေးခဲ့ကြပါအုံးလို့...........






Ref to http://bluenavyblog.blogspot.com

အဆင်ပြေပါစေ . . .
နည်းပညာတက္ကသိုလ်(မကွေး)

GSM / WCDMA Internet ချက်ချင်းမတက်သူများအတွက်


-Mobile Data ကို ဖွင့်ဖွင့်ချင်း Internet ချက်ချင်းမတက်သူများ ၊ လိုင်းပေါ်နေသော်လည်း Connection မရသူများ (ဘေးလူရပြီး ကိုယ်မရ) ၊ Connection Icon ပေါ်/ပျောက် ဖြစ်နေသူများ အတွက် အသက်ကယ် ဆေးနည်း တစ်ခု.....

-ကျတော်ကိုယ်တိုင် ဒီနည်းကို သုံးနေတာတော့ ကြာလှပါပြီ။ မကျိန်းသေသေးလို့ မပြောသေးတာပါ။ အခုကတော့ တော်တော်များများ ကိုလည်းလမ်းညွှန်ပြီး အဆင်ပြေကြတယ်လို့ပြန်ပြောလို့ပါ

-လုပ်ရမှာကတော့
APN ထဲမှာ New APN 2 ခု Create လုပ်ဖို့လိုပါတယ်

1.Name = 2
APN = mptnet
နှစ်ခုတည်းဖြည့်ပြီး Save ပါ Name မှာ 2 လို့ ပေးတာက 2ခုတည်း
ဖြည့်ထားတယ်ဆိုတာ ကိုယ်ရွေးရ လွယ်အောင်ပါ

2.Name = All
APN = mptnet
..... = ....
..... = ....
ကျန်တာအားလုံးကို ဖြည်နေကျပုံစံ အားလုံးဖြည့်ပေးပါ
Name မှာ All လို့ ပေးတာက ကိုယ် အားလုံးဖြည့်ထားတယ်ဆိုတာ
ကိုယ်ရွေးရ လွယ်အောင်ပါ

*** အဲဒီ 2 ခုကို ........ က 2 ရက်ခြား 3 ရက်ခြား တစ်ခါလောက်ပြောင်းပြီး လိုင်းမကောင်းပဲဖွင့်ထားတဲ့ ကျတော်တို့ ရဲ့ Bill တွေကို Like လုပ်နေတာပါ။
2 နဲ့ လိုင်းမကောင်းတာနဲ့ All ကိုပြောင်းပြီးသုံးကြည့်ပါ.... အဆင်ပြေပါစေ . . . 

Credit to http://bluenavyblog.blogspot.com

နည်းပညာတက္ကသိုလ်(မကွေး)

17 November 2013

Facebook အကောင့်ဖွင့်လို့ ဖုန်းနံပတ်တောင်းပြီး Varify လုပ်မရသူများအတွက် ဖြေရှင်းနည်း ( ၁၀၀% )


Facebook အကောင့်ဖွင့်တဲ့အခါ ရခါနီးမှ ဖုန်းနံပတ်တောင်းလို့ ဖြည့်လိုက်ရော. SMS Message ကို ဖုန်းကိုပို့ပေးမယ်ဆိုပြီး လုံးဝ ပေါ်မလာတော့ဘူး.. ဘာဆက်လုပ်ရမှန်းလည်း မသိဘူး.. အဲဒီ ပြဿနာကို ဖြေရှင်းနည်းကိုတွေ့လာလို့ ပြန်လည် မျှဝေပေးလိုက်ပါတယ်.. အဆင်ပြေတဲ့နည်းမို့ အားလုံး အိုကေမှာပါ.. ဖုန်းနဲ့ လုပ်ရမှာဖြစ်ပြီး အထဲမှာ ဖုန်းအတွက် ဆော့ဖ်ဝဲ လည်းထည့်ထားပါတယ်.. လုပ်နည်းကိုလည်း PDF နဲ့ထည့်ပေးထားပါတယ်..

 အဆင်ပြေပါစေ . . .

ဓါတ်ပုံတွေကို Professional ဆန်ဆန် PicSay Pro Photo Editor v1.6.10 နဲ့ ပြင်လိုက်ကြမယ်











ဒီ ကောင်လေးကိုတော့ Android ဖုန်းတိုင်းမှာရှိလိမ့်မယ်လို့ထင်ပါတယ်


အသုံးပြု့ရတာလွယ်တာရယ် ပြန်ရှယ်တဲ့အခါ လွယ်ကူတာတွေကြောင့် လူသုံးများပါတယ်


ဒီ PRO ဗားရှင်းလေးက အသစ် update ထွက်လာလို့


သုံးစွဲနေတဲ့ ဘော်ဒါတွေအတွက်အလွယ်တကူရနိုင်အောင် ဒီနေရာလေးမှာပြန်လည်မျှဝေလိုက်ပါတယ်


GOOGLE PLAY မှာတော့ 4.03 Dollars ပေးရပါတယ် ခင်ဗျာ


ZIPPYSHARE | TUSFILES




ကိုလတ်(ကျွဲဆင်း)

Window အမြန်တင်နည်း


 
ဒီနည်းလမ်းလေးကတော့ ကွန်ပျူတာ ဝင်းဒိုးတင်တတ်ကြတဲ့ အကိုများအတွက် တော်တော်အဆင်ပြေပါတယ် ပုံမှန်အတိုင်းတင်ရင်တော့ ၁နာရီကြာတယ်ဆိုရင်တော့
ဒီနည်းနဲ့တင်ရင်တော့ ၃၀မိနစ်လောက်ပါကြာတယ် ဝင်းဒိုးတောင်တင်တတ်နေမှတော့ ပုံနဲ့ရှင်းပြနေစရာ
မလိုအပ်လောက်ဘူးထင်လို့ နည်းလမ်းလေးပဲပြေားမယ်နော် မလုပ်တတ်ရင်တော့ အောက်မှာပြေားထားခဲ့ပါ ဝင်းဒိုး drive တွေခွဲပြီးသွားလို့ upload လုပ်စတင်တဲ့အချိန်မှာ ကီးဘုပ်ကနေ shit + f10 ကိုတွဲပြီးနိပ်လိုက် အနက်ရောင် box တစ်ခုတတ်လာမယ် အဲ့ဒီအထဲမှာ taskmgr လို့ရိုတ်ထဲ့လိုက်ပါ Enter ခေါက်လိုက်ပါ box နောက်တစ်ခုထက်တတ်လာမယ် box ထဲမှ Install Window ဆိုတာကို R/C ထောက်လိုက်ပါ Go to process ကိုကလစ်လိုက်ပါ setup.exe ကို R/C ထောက်ပြီးတော့ Hight ကိုပြောင်းပေးလိုက်ပါ change priority ကိုနှိပ်ပေးလိုက်ပါ သိသိသာသာမြန်လာတာတွေ့ရပါလိမ့်မယ်
notepad နဲ့သိမ်းထားချင်ရင် ဒီမှာ ဒေါင်းပါ
 
အားလုံးအဆင်ပြေပါစေ

Internet Lock

Internet Lock

အင်တာနက်အသုံးပြုနိုင်သော Wifi , Data နှစ်မျိုးစလုံးကို Lock ချထားလို့ရပါပြီ။ တစ်ခြားသူတွေ ကိုယ့်ဖုန်းနဲ့အင်တာနက်မသုံးစေချင်ရင် ..
Password နံပါတ်ပေးပြီး ပိတ်ထားလို့ရပါတယ်။ Internet Lock ကို အသုံးပြုထားရင် wifi (သို့) data ဖွင့်လိုက်တာနဲ့ password တောင်းပါလိမ့်မယ်။ ဒါဆို တစ်ခြားသူတွေ လွယ်လွယ်ကူကူ အသုံးပြုလို့မရတော့ပါဘူး။ Wifi , Data နှစ်မျိုးစလုံးကို ပိတ်ထားနိုင်ပါတယ်။
အသုံးပြုပုံကလဲ လွယ်ကူပါတယ်။ Android 2.2 နှင့်အထက်တွင် အသုံးပြုနိုင်ပါတယ်။

download -

dropbox

copy


ပျော်ရွှင်ပါစေ။

Mr.AD
Ref:www.happyandroidworldapps.blogspot.com

C8813 မှာ Network 1x ပဲပေါ်ပြီး 3G မပေါ်တဲ့ပြသနာဖြေရှင်းနည်း



ဒီပို့စ်ကိုတင်ရခြင်းကတေ့ ကျွန်တော်ကိုယ်တိုင်ပဲ ခုခေါင်းစဉ် Error နဲ့ တစ်နေကုန် FBပေါ်တက်ပြီးမေးရင်းစမ်းရင်းနဲ့ ဖြေရှင်းနည်းကိုရခဲ့ပါတယ်။ ဒီ Error ကတော့ ကျွန်တော်အထင် C8813 Custom firmware တင်ပြီး Original firmware တင်တော့ ခုError တင်တယ်လို့ပဲထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော် Custom firmware တင်ခဲ့ပါတယ်။ ပြီးမှမကြိုက်လို့ နဂိုဟာပြန်ပြောင်းတော့ ခုလို Error ဖြစ်တာပါပဲ။ နှစ်လုံးကြုံဖူးပါတယ် အဲဒါလည်း Custom Firmware တင်ပြီးမှ နဂိုဟာပြန်တင်တာမှာ ခု Error ဖြစ်တာပါပဲ။ အဲဒါကြောင့်မလို့ ခုလို Error မျိုး သူငယ်ချင်းတွေမှာဖြစ်နေမယ်ဆိုရင် ဖြေရှင်းလို့ရအောင် တင်ပေးလိုက်ပါတယ်ခင်ဗျာ...
လိုအပ်တဲ့ဖိုင်ကိုတော့အောက်မှာဒေါင်းပါ...


အဲဒီမှာတစ်ခုပြောချင်တာက စာအုပ်ထဲကအတိုင်းတစ်ဆင့်ချင်းဖြေဖြေမှန်မှန်လုပ်သွားပါလို့ တိုက်တွန်းပါရစေခင်ဗျာ။

Credit to mm-mpxteam.net & jyoemrsm

အဆင်ပြေပါစေ . . .

MapFactor Navigator GPS လမ်းညွှန် Application

  မြန်မာပြည်တွင် လမ်းညွှန်စနစ် အမှန်အကန်အသုံးပြုနိုင်သော MapFactor Navigator GPS လမ်းညွှန် Application

အရင်ဆုံး GPS Navigator ဆိုတာ ဘာလဲလို့ မသိသေးသူတွေအတွက်
ရှင်းပြချင်ပါတယ်။ လမ်းညွှန်စနစ် တစ်ခုပါ။ မိမိသွားလိုသောနေရာကို
မြေပုံထဲတွင် အမှတ်သားလုပ်ပေးပြီး Navigator က မိမိသွားရမယ့်
လမ်းကြောင်းကို ပြောပြပါမယ်။ ဘယ်ကွေ့ ၊ ညာကွေ့ စသဖြင့် ..
မိမိ သွားလိုတဲ့ နေရာကို မရောက်မချင်း လမ်းတိုင်း ၊ လမ်းတိုင်းမှာ
သွားလာရမယ့် ပုံစံများကို ညွှန်ကြားပေးတဲ့ စနစ်ကို ဆိုလိုပါတယ်။
မြို့တစ်မြို့ကို အလည်သွားတဲ့အခါ ကိုယ်သွားချင်တဲ့နေရာကို ..
Navigator ရဲ့ လမ်းညွှန်မှုဖြင့် အဆင်ပြေစွာ သွားလာနိုင်ပါတယ်။


လမ်းညွှန် GPS App တွေ တော်တော်များများ ကျွန်တော်တို့ဆီမှာ ..
သုံးလို့ အဆင်မပြေပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့နိုင်ငံမြေပုံကို
အထောက်ပံ့မပေးတဲ့အတွက်ဖြစ်ပါတယ်။ အခုတော့ အဆင်ပြေသွားပြီ။
MapFactor Navigator က အရှေ့တောင်အာရှ နိုင်ငံအကုန်လုံးအတွက်
လမ်းညွှန်စနစ်များစွာ ထည့်သွင်းပေးထားတဲ့ အလန်းစား GPS ဖြစ်ပါတယ်။
မြန်မာပြည်မြေပုံကို အထောက်ပံ့ပေးပြီး ရန်ကုန်-မန္တလေး အပါဝင် ..
မြို့ တော်တော်များများ မှာ အသုံးပြုနိုင်ပါတယ်။

MapFactor Navigator ဟာ Offline GPS အမျိုးစားဖြစ်ပါတယ်။
ဒါကြောင့် လိုအပ်သော Data များကို အရင်ဆုံး download ဆွဲပေးရမယ်။
အရင်ဆုံး ကျွန်တော် တင်ပေးလိုက်တဲ့ app ကို install လုပ်လိုက်ပါ။
install လုပ်လို့ ဖွင့်လိုက်ရင် မြေပုံ မရှိသေးတဲ့အတွက် download ..
ဆွဲခိုင်းပါမယ်။ ကျွန်တော်တို့မြန်မာပြည်အတွက်ဆိုရင် မြန်မာပြည်မြေပုံ
အပါဝင် download ဆွဲရမယ့် data ပမာဏ (81MB) လောက်ရှိပါတယ်။
မြန်မာပြည်မြေပုံကို Union of Myanmar ဆိုပြီး ပါရှိပါတယ်။ ရှာလိုက်ပါ။
81MB ကို ဒေါင်းရမှာမို့ စိတ်မညစ်ပါနဲ့ .. လိုင်းကောင်းတဲ့အချိန်မှာ
မရမက ဆွဲလိုက်ပါ။ ကျွန်တော်လဲ တစ်နာရီလောက် အချိန်ပေးပြီး
စိတ်ရှည်ရှည်နဲ့ဆွဲခဲ့ရပါတယ်။ အချိန်ပေးရတာ တကယ်တန်ပါလိမ့်မယ်လို့
ကျွန်တော် အာမခံပါတယ်။ data တွေကို download ဆွဲပြီးသွားရင်တော့
လမ်းညွှန်စနစ်ကို စတင်အသုံးပြုနိုင်ပါပြီ။ လမ်းညွှန်စနစ်ကို အသုံးပြုဖို့
မိမိဖုန်းရဲ့ GPS function ကို ဖွင့်ပေးထားရပါမယ်။

စတင်အသုံးပြုလို့ရပြီဆိုရင် ပုံ(၁) အတိုင်း မြင်ရပါလိမ့်မယ်။
အသေးစိတ်ရှင်းပြရင်တော့ စာ အရမ်းရှည်သွားပါမယ်။ ဒီတော့ ..
အဓိက function ဖြစ်တဲ့ Navigate ဆိုတာကိုပဲ ရှင်းပြပါမယ်။

Navigate - ဒါကတော့ အဓိကအသုံးပြုရမယ့် function ပါ။
မိမိ သွားလိုသောနေရာကို မြေပုံမှာ မှတ်သားပေးရပါမယ်။
ပုံ(၂)ထဲက အတိုင်း မှတ်သားပေးရပါမယ်။ မှတ်သားပြီးလျင် ..
Navigate စတင်လုပ်လိုက်တာနဲ့ မိမိ အပြင်မှာ သွားလာတဲ့အတိုင်း ..
မြေပုံထဲမှ မြှားခေါင်းလေးက စတင်ရွေ့လျားပြီး သွားလိုတဲ့နေရာ ..
မရောက်မချင်း လမ်းညွှန်ပေးမှာဖြစ်ပါတယ်။ ဘာသာစကားကတော့
English လိုဖြစ်ပါတယ်။ အသုံးပြုရတာ မခက်ပါဘူး။ သေချာနားမလည်သေးရင်
အသေးစိတ် ကြည့်လို့ရအောင်အောက်မှာ video ဖိုင်ပါ တင်ပေးလိုက်ပါတယ်။
အသုံးပြုနည်းတစ်ချို့ကို ရှင်းပြထားပါတယ်။

မှတ်ချက် - offline gps ဖြစ်တဲ့အတွက် internet connection မလိုအပ်ဘူး။
data တွေကိုသာ download ဆွဲထားလိုက်ရင် GPS ဖွင့်ပြီး သုံးလို့ရတယ်။
တကယ်ထိရောက်တဲ့ လမ်းညွှန်စနစ်ဖြစ်လို့ သုံးကြည့်ပါလို့ပြောပါရစေ။
Android 2.3 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

 <<< Download here >>>

<<< Download here >>>
 
Ref:www.mmitshare.blogspot.com

15 November 2013

Root Tool အသစ်တစ်မျိုးစမ်းချင်သူများအတွက် Baidu Root


သူငယ်ချင်းများ စမ်းကြည့်ရအောင် ပြန်ရှယ်လိုက်တယ်နော် ဒီကောင်လေးကလည်း စွမ်းတယ်လို့ပြောထားပါတယ် ခုမှ FB မှာ ကိုကျော်စွာတင်ထားလို့ ပြန်ရှယ်လိုက်တာ ....computer ရော apk ရောထွက်ပါတယ် ပုံမှာပြထားတဲ့အတိုင်း ကြိုက်တာဒေါင်းနိုင်ပါတယ်။အောက်ကလင့်ကနေသွားလိုက်ပါ.....

http://root.baidu.com/index.html

အဆင်ပြေပါစေ . . .

13 November 2013

Android မှာ Safe Mode ကိုဝင်ရင်




Windows မှာလိုပဲ Android မှုာလည်း Safe Mode ကိုဝင်လို့ ရပါတယ်။ Android မှာ Safe Mode 

ကိုဝင်ရင် third-party applications တွေကို Disable လုပ်ပေးထားမှာဖြစ်ပါတယ်။

သင့် Android Device ကောင်းကောင်းအလုပ်မလုပ်တော့တဲ့ အခြေအနေမှာ Safe Mode ကနေ 

ပြဿနာတွေကို အဖြေရှာနိုင်ပါတယ်။ သင့် Android Device မှာ Apps တွေသုံးနေရင်းနဲ့  

ပိတ်သွာတာတွေ၊ ဖုန်းလေးလံလာတာတွေ၊ Apps တွေအလုပ်ကောင်းကောင်းမလုပ်ဘဲ ရပ်နေတာတွေ၊ 

Battery ကြာရှည်စွာအသုံးမခံတော့တာတွေ စတာတွေကို Safe Mode ကိုဝင်ပြီးအဖြေရှာနိုင်ပါတယ်။ 

Safe Mode ကိုဝင်ပြီး ဖြစ်နေတဲ့ ပြဿနာတွေ ဖြစ်သေးလားဆိုတာ စမ်းသပ်ကြည့်ပါ။ Safe Mode မှာ 

ပြဿနာတွေမဖြစ်တော့ ရင် Applications တွေကြောင့်ဖြစ်နိုင်ပြီး ပြဿနာရှိနိုင်တဲ့ Apps တွေကို 

Uninstall လုပ်နိုင်ပါတယ်။Safe Mode ကို ၀င် ခြင်း။

Android 4.1 နဲ့ သူ့ အထက်မှာ Safe Mode ကိုဝင်ဖို့ အတွက် Power Options Menu ကိုမြင်တဲ့အထိ 

Power Button ကိုဖိထားပါ။

Power off option ကို ဖိထားပါ။ ဒါဆိုရင် Safe Mode ကို ၀င်မလားမေးပါလိမ့်မယ်။ OK ကိုနှိပ်ပါ။

Android Version အဟောင်းတွေမှာတော့ Power Button ကိုဖိပြီး ဖုန်းကို ပိတ်ပါ။ Power Button 


ကိုဖိပြီးဖုန်းကို ပြန်ဖွင့်ပါ။ Power button ကို ဖိထားတာကို လွှတ်ပါ။ Logo ကို မြင်ရရင် Volume Up နဲ 

့Volume Down buttons နှစ်ခုကို ပြိုင်တူဖိထားပါ။ Screen ရဲ့ ဘယ်ဘက်အောက်ခြေ မှာ Safe Mode လို 

့ပြနေတဲ့အထိ ဖိထားရမှာဖြစ်ပါတယ်။

Safe Mode မှာ ပြဿနာ တွေကို အဖြေရှာခြင်း


------------------------------------------------
Safe Mode ကိုဝင်ပြီးရင် Screen ဘယ်ဘက်အောက်ခြေမှာ Safe Mode ဆိုတဲ့ စာကိုတွေ့ နိုင်ပါတယ်။

Safe Mode မှာ သင့် Android Device မှာ နဂိုပါလာတဲ့ Apps တွေကို ပဲသုံးလို့ ရမှာဖြစ်ပြီး သင် Install 


လုပ်ထားတဲ့ Apps တွေ၊ Widgets တွေကို Disable လုပ်ပေးထားမှာပါ။ သင့် ဖုန်းကို သာမာန် လို 

ပဲအသုံးပြုကြည့်ပါ။ ပြဿနာတွေဖြစ်သေးလားဆိုတာ စောင့်ကြည့်ပါ။ ပြဿနာတွေမဖြစ်တော့ရင် သင် 

Install လုပ်ထားတဲ့ third-party apps တွေကြောင့် ဖြစ်နိုင်ပါတယ်။

Apps တွေကို Disable လုပ်ထားပေမယ့် Uninstall လုပ်လို့ ရပါတယ်။ ပုံမှန်အတိုင်းပဲ Settings ကိုသွားပြီး 


Apps ကိုနှိပ်ပါ။ ပြဿနာဖြစ်စေတယ်လို့ ထင်ရတဲ့ Apps တွေကို Uninstall လုပ်ပါ။ မကြာမီ 

ကသွင်းထားတဲ့ Apps တွေက ပြဿနာ ဖြစ်စေတဲ့ Apps တွေဖြစ်နိုင်ပါတယ်။ အဲဒီအတွက် မကြာမီ 

ကသွင်းထားတဲ့ Apps တွေကို အရင်ဆုံး Uninstall လုပ်သင့်ပါတယ်။

ပြီးရင်တော့ Power ကိုပိတ်ပါ။ Power ကို ပြန်ဖွင့်ပြီး Normal Mode ကိုပြန်သွားပါ။ ဖြုတ်လိုက်တဲ့ Apps


တွေကို တစ်ခုချင်းစီ ပြန်သွင်းပြီး စောင့်ကြည့်ပါ။ ဘယ် App ကပြဿနာဖြစ်စေတာလဲဆိုတာကို ဒီနည်းနဲ့  

ရှာဖွေပါ။သင့်ရဲ့ ပြဿနာ ဟာ Apps တွေကြောင့်မဟုတ်ဘဲ တစ်ခြား ကြီးကြီးမားမား 

အကြောင်းအရာတွေကြောင့်ဆိုရင်တော
့ သင့်ဖုန်း ရဲ့ Factory Default Settings ကို Restore 

လုပ်သင့်ပါတယ်။ သင့်ရဲ့  ဒေတာ တွေအားလုံး ဖျက်ပစ်မှာကိုတော့ သတိပြုပါ။ အဲဒီအတွက် Backup 

လုပ်ထားသင့်ပါတယ်။ Apps တွေအားလုံးကိုလည်း ပြန်ပြီး Install လုပ်ရမှာပါ။ Factory Default Settings 

ကို Reset လုပ်ဖို့ အတွက် Settings ထဲကိုသွားပြီး Backup & Reset ကိုနှိပ်ပါ။ Factory Data Reset 

ကိုနှိပ်ပါ။ပြီးရင် ညွှန်ကြားချက်တွေအတိုင်းဆက်လုပ်သွားပါ။

From Myanmar Digital Life Journal
ref to www.koye9992.blogspot.com

G610 U00 CWM ၀င်ထားတဲ့ ဖုန်းတွေ Fireware တင်နည်းပါ



G610 U00 CWM ၀င်ထားတဲ့ ဖုန်းတွေ Fireware တင်နည်းပါ

အရင်ဆုံးလိုအပ်တဲ့ဖိုင်ကို ဒေါင်းပါ

                                         Fireware ဒေါင်းရန်


ဒေါင်းပြီးရင် Memory Card ထဲထည့်ပါ

install

Sdcard ကို ရွေးပေးပါ 

HWG610-U00_B133.zip ဖိုင်ကို Install လုပ်ပေးလိုက်ပါ 










 အဆင်ပြေပါပြီ

Smartzawgyi Pro Installer.exe ထွက်လာပြန်ပါပြီဗျာ....


Smartzawgyi Pro Installer.exe လာပါပြီဗျာ....

ခု ဒီ Tool ကို ထပ်မံပြုပြင်တီိထွင်လိုက်တဲ့ Ko ShaneMPSSS ပြောတဲ့အတိုင်းပဲတင်ပေးလိုက်ပါတယ်ခင်ဗျာ။
ဘာပဲဖြစ်ဖြစ်ပါ အခုလိုမြန်မာ developer တွေက ပြိုင်ပြိုင်ဆိုင်ဆိုင်လုပ်လာကြတော့ အော် လုပ်နိုင်ကြတော့ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့လို သာမန် User တွေအတွက် တော်တော်လေးကို အဆင်ပြေပါတယ်... နောက်တစ်ချက်က ဂုဏ်လည်းယူပါတယ်..အောက်ကတော့ သူပြောထားတဲ့အတိုင်းပြန်တင်ပေးထားတာပါ။
----------------------------------------------------
အစကတော့ developer ရဲ့ခွင့်ပြုချက်ကိုစောင့်နေတာပါ
ဘာ reply မှ ပြန်မလာလို့ ကိုယ့်သဘောနဲ့ကိုယ်တင်လိုက်မိပါတယ်အပြစ်ဖြစ်သွားရင်လဲ ခွင့်လွှတ်ကြပေါ့ဗျာနော့် ။ မကောင်းတာလုပ်တာမှမဟုတ်ဘဲ.........

အခုတင်ပေးလိုက်တဲ့ Installer လေးမှာ Smartzawgyi Pro အပြင် Bagan Keyboard Pro ကိုပါ ထည့်သွင်းပေးထားပါတယ်။

အသုံးပြုသူများအားလုံးအဆင်ပြေစိတ်ချမ်းသာစေဖို့သာရည်ရွယ်ပါသည်။
မည်သူမဆို လွှတ်လပ်စွာ Share နိုင်ပါသည်။
Dwonload Link>>>

Download Smart Zawgyi pro.exe
Download Smart Zawgyi pro.exe
အဆင်ပြေပါစေ . . .
နည်းပညာတက္ကသိုလ်(မကွေး)

12 November 2013

မည်သည့် Android Version ကိုမဆို မြန်မာစာ 100% မှန်အောင်ထည့်ပေးမည့် Smart Zawgyi Pro ထွက်ရှိ...

မင်္ဂလာပါ သူငယ်ချင်းများ ခုဒီတစ်ခါလည်း 4.1 တွေမှာ မြန်မာမမှန်ခြင်းကို ဖြေရှင်းပေးမယ့် Tool အသစ်ကို အရင် Smart Zawgyi ကိုတီထွင်ရေးသားခဲ့တဲ့ Developer ကိုကျော်စွာသွင်ကပဲ Smart zawgyi pro ဆိုပြီး Free အနေနဲ့ ဖြန့်ချီလိုက်ပါပြီခင်ဗျာ။ Jelly Bean တွေမှာ သဝေထိုးနဲ့ အသတ်တွေ ရှေ့နောက်လွဲနေတာတွေကို... 100% ပြင်ပေးနိုင်ပါမယ်... နောင်ထွက်မည့် Version တွင် ညာဘက်ထောင့်မှစာများ ပြတ်နေတာတွေကိုပါ ရှင်းပေးပါ့မယ်... Orient Myanmar လို Huawei တစ်မျိုးတည်းရတာမဟုတ်ပဲ... မည်သည့် ဖုန်းကိုမဆိုရပါမယ်... Sony, Huawei အားလုံးမှာစမ်းပြီးပါပြီခင်ဗျား... Samsung တွေဆိုရင် မြန်မာပြည်ကို တရားဝင်သွင်းတဲ့ အလုံးတွေအားလုံး စမ်းသပ်ပြီးသားဖြစ်ပါတယ်...
Download Link>>>>
 https://copy.com/9jGzOmR8o61u


https://www.dropbox.com/s/deh8ewq3ey6j9cx/Smart%20Zawgyi%20Pro.rar


http://d-h.st/UFk

http://www.mediafire.com/download/9ewtkk7v7klrcxb/Smart+Zawgyi+Pro.rar


Credit to Developer Ko Kyaw Swar Twin
အဆင်ပြေပါစေ . . .

Android Version 4.1 တွေအတွက် မြန်မာစာ ၉၉%ရာခိုင်နှုန်းမှန်တဲ့ apk လေးဗျာ







မြန်မာစာ မှန်ကန်စွာ မြင်နိုင်ခြင်း tool for Android 4.1 နှင့်အထက်
Root အရင်လုပ်ပါ Font Changer နဲ့ အရင် change ပါ
***မြန်မာစာ ထည့်ပီး ဖုန်းများလဲ အသုံးပြုနိုင်ပါတယ်***
ပြီးမှ ၄င်း tool ကို Run လုပ်ပီး Reboot လုပ်ပီးရင် မြန်မာစာကို ၁၀၀% မြန်မာစာ မမှန်သောဖုန်းများအတွက် မှန်ကန်ပါပီး
Galaxy S2 >> Android Version 4.1.2 မှာ စမ်းထားတာ ok ပါတယ်
Sony , Huawei အားလုံး လဲ ok ပါတယ် စမ်းသပ်ပီး

တီထွင်သူအားကျေးဇူးအထူးတင်ရှိပါကြောင်း>> Dr.Kyaw Zaw Naing (https://www.facebook.com/dr.kyawzawnaing?hc_location=stream)

download Link>>>>

https://www.dropbox.com/s/zspb24ukrp9z671/fepfz.apk

http://www.mediafire.com/download/kbr72d4bktmiueb/fepfz.apk


အဆင်ပြေပါစေ....

05 November 2013

iOS 7 မှာ ဇော်ဂျီဖောင့်ကို ဂျေးဘရိတ် ( Jailbreak ) မလိုပဲ ထည့်လို့ရပါပြီ..

iOS 7 မှာ ဇော်ဂျီဖောင့်ကို ဂျေးဘရိတ် ( jailbreak ) မလုပ်ဘဲ ထည့်လို့ရပါပြီ..

iOS 7 ကနေ  http://d.pr/f/M8Es+  ကို Safari က တဆင့် ဝင်လိုက်ပါ။





ပြီးရင် Install လုပ်ပါ ပြီးတာနဲ့  iOS 7 ရဲ့နေရာတိုင်းမှာ မြန်မာစာကို ဇော်ဂျီနဲ့ ဖတ်လို့ရသွားပါပြီ။ မြင်ရပါပြီ။

Mobileconfig file ရးသားပေးတဲ့ Thant Thet နဲ့ ဖြန့်ချီပေးတဲ့ Htain Lin Shwe တို့ကို ကျေးဇူးတင်ပါတယ်။

 Ref : Ye Myat Thu

02 November 2013

ခဲခြစ်ကာတွန်းလေးဆွဲပေးမယ့် Manboker v2.3.1 Apk

魔漫相机 - screenshot 
အခုတလောမှာ တော်တော်လေးနာမည်ကြီးသွားတဲ့ Manboker v2.3.1 Apk ဆိုတဲ့ Application လေးတစ်ခု တင်ပေးလိုက်ပါတယ်ဗျာ။ ဒီကောင်လေးက ပုံကြည့်တာနဲ့တင်ဘဲ သဘောပေါက်ကြမှာပါ။ မိမိရဲ့ မျက်နှာ ကို ခဲခြစ်ကာတွန်းပုံစံလေးတစ်ခုဖန်တီးပြီး ကိုယ်ကတော့ Application မှာပါပြီးသား ရုပ်ပြောင်ခဲခြစ်ကာတွန်း ပုံလေးတွေနဲ့မိမိစိတ်ကြိုက်ရေးဆွဲနိုင်မှာဖြစ်ပါတယ်ဗျာ။ အခုရက်ပိုင်းလေးမှာ အရမ်းခေတ်စားနေတဲ့အ တွက် ကိုယ်တိုင်နောက်မကျအောင် ကလိကြည့်ပါဦးနော်။
魔漫相机 - screenshot 
 
 


အောက်ကလင့်မှ ဒေါင်းပါ

https://www.dropbox.com/s/0v9ivmsn9ot1v38/Manboker_v2.3.1.apk

01 November 2013

၁၅၀၀ တန်ဖုန်းများတွင် ဝန်ဆောင်မှုအသစ်များ အသုံးပြု၍ ရမည် မဟုတ်ဟုဆို

ရန်ကုန်၊ အောက်တိုဘာ ၃၁

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ထပ်မံတိုးချဲ့ထားသော မိုဘိုင်းလ်ဖုန်း ဝန်ဆောင်မှု အသစ်များကို အသစ်ချပေးထားသော ကျပ် ၁၅၀၀ တန် တန်ဖိုးနည်း ဖုန်းများတွင် အသုံးပြု၍ ရဦးမည် မဟုတ်ဘဲ ယခင်ရောင်းချပေးထားသည့် ကျပ်ငါးသိန်း၊ နှစ်သိန်းနှင့် ၁၅ သိန်း ဖုန်းများတွင်သာ အသုံးပြုနိုင်မည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်၍ Call Waiting Service (ဖုန်းခေါ်ဆိုမှု တစ်ခုကို လက်ခံဖြေကြားနေစဉ် အခြားဖုန်းတစ်ခု ဝင်လာပါက လက်ခံပေးခြင်း) ကို တစ်လလျှင် ၅၀၀ ကျပ်၊ Call Forward Service (မိမိဖုန်း မအားပါက လိုင်းလွှဲပေးခြင်း) ကို တစ်လလျှင် ၉၀၀၀ ကျပ်၊ Voice Mail Service ကို တစ်လလျှင် ၁၀၀၀ ကျပ်နှင့် Miss Call Alert (မိမိဖုန်း စက်ပိတ်ထားသော်ငြားလည်း Miss Call များ လက်ခံထားပေးခြင်း) ကို တစ်လလျှင် ၁၀၀၀ ကျပ် နှုန်းများဖြင့် စတင်ဝန်ဆောင်မှု ပေးသွားမည် ဖြစ်ကြောင်း ကြေညာထားသည်။

“ဝန်ဆောင်မှု အသစ်လေးခု ထပ်တိုးချဲ့မှာပါ။ GSM, WCDMA, CDMA 800 MHz, CDMA 450 MHz အားလုံးရတယ်။ ဒါပေမဲ့ အခုချထားတဲ့ ၁၅၀၀ တန်တွေတော့ မရသေးဘူး” ဟု မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

၁၅၀၀ တန် ဖုန်းများအတွက် ဝန်ဆောင်မှု အသစ်များ ပေးနိုင်မည့် အချိန်ကိုမူ အတိအကျ မသိသေးကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအတွက် ပြန်ကြားရေးဝန်ဆောင်မှု ဆောင်ရွက်ပေးနေသော ၁၈၇၆ Call Center က ပြောကြားသည်။

“ဒီဝန်ဆောင်မှုတွေက နိုင်ငံတကာမှာဆိုရင် SIM Card ဝယ်တာနဲ့ တွဲလျက် ဝယ်ယူလို့ ရတာတွေ။ အခုဒီမှာက မြေစမ်းခရမ်းပျိုးရုံပဲ ရှိသေးတယ်။ ပြည်ပဆက်သွယ်ရေး ကုမ္ပဏီတွေ ဝင်လာရင် ဒီလိုပုံစံနဲ့ဆိုရင် ကျန်ခဲ့လိမ့်မယ်။ ၁၅၀၀ တန်ဖုန်းတွေ အဓိက ချထားပေးနေတဲ့ အချိန်မှာ ၁၅၀၀ တန် ဖုန်းတွေမှာ သုံးလို့မရတာက ဟာသပဲ” ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အငြိမ်းစားအရာရှိ ဦသန်းဦးက မှတ်ချက်ပေးသည်။

အဆိုပါ ဝန်ဆောင်မှုများကို ရယူလိုသူများသည် အသုံးပြုလိုသော ဝန်ဆောင်မှုအပေါ် မူတည်၍ Call Waiting Service အသုံးပြုလိုသူများအတွက် Orderdata CW, Call Forward Service အတွက် Orderdata CF, Voice Mail Service အတွက် Orderdata VMS နှင့် Miss Call Alert ဝန်ဆောင်မှု အတွက် Orderdata MCA ဟု ၁၃၃၁ နံပါတ်သို့ SMS ရိုက်၍ ပေးပို့မည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းထံမှ သိရသည်။

ဖုန်းကိုင်ဆောင်သူများသည် အဆိုပါ ဝန်ဆောင်မှုများ အားလုံးကို အသုံးပြုနိုင်မည် မဟုတ်ဘဲ ဖုန်းလိုင်းတစ်ခုလျှင် Call Waiting Service နှင့် Call Forward Service ထဲမှ တစ်ခုနှင့် Voice Mail Service နှင့် Miss Call Aler တို့ထဲမှ တစ်ခုစီကိုသာ ရွေးချယ် သုံးစွဲနိုင်မည် ဖြစ်သည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ လူဦးရေ၏ ၁၁ ဒသမ ၁ ရာခိုင်နှုန်းဖြစ်သော လူဦးရေ ခြောက်သန်းခန့်သာ မိုဘိုင်းလ်ဖုန်း သုံးစွဲနိုင်၍ ယင်းဖုန်းသုံးစွဲသူများ၏ သုံးပုံတစ်ပုံခန့် ပမာဏဖြစ်သော နှစ်သန်းခန့်မှာ ကျပ် ၁၅၀၀ တန် တန်ဖိုးနည်းဖုန်းများ အသုံးပြုခြင်း ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

The Voice Weekly