31 August 2013

Android Phoneအတွက် Lock Screen (11)မျိုးပါဝင်တဲ့ Cooee Locker.apk


ကဲဘော်ဘော်တို့ရေ ဒီ Locker လေးကတော့ တော်တော်လေးကိုမိုက်တယ်နော်။ ဘာ Launcher မှထပ်တင်စရာမလိုပဲ ဒီကောင်လေးကို တင်ထားလိုက်တာနဲ့ Lock Screen (11) မျိုးကိုသုံးနိုင်မှာပါ။
လိုချင်ရင် အောက်မှာဒေါင်းသွားလိုက်နော် . . .

Download Cooee Locker.apk

အဆင်ပြေပါစေ . . . အဆင်မပြေရင် Comment (or) C-Box မှာပြောခဲ့ပါခင်ဗျာ အတတ်နိုင်ဆုံးအဆင်ပြေအောင်ကြိုးစားပေးပါမယ်

Android ဖုန်းကနေ Facebook Account အကောင့်လုပ်မယ် (လုံးဝရစေရမယ်နော်)

တကယ်တော့ အကောင့်လုပ်တာမရဘူးဆိုတာက မြန်မာနိုင်ငံကနေလုပ်နေတယ်လို့ facebook ကယူဆတော့ ဖုန်းနံပါတ်နဲ့စစ်ဆေးတော့ မြန်မာကနေ လုပ်ရင်အဆင်မပြေဘူးဖြစ်နေတယ်၊ နိုင်ငံခြားမှာရှိတဲ့ သူငယ်ချင်းဖုန်းကို အကူအညီတောင်ပြန်တော့လည်း တစ်ခုခုဖြစ်တိုင်း မယုံကြည့်တဲ့အခါတိုင် facebook က အဲဒီပထမဆုံးထည့်ထားတဲ့ ဖုန်းနံပါတ်ကို code ပို့ပေးပြီး စစ်ဆေးလေးရှိတယ် ဒီအတိုင်းလည်း သိပ်အဆင်မပြေဘူးလေ

ပြဿနာရှိရင် ဖြေရှင်းနည်းလည်းရှိရမယ်လေ၊ အဲဒါကတော့ မြန်မာနိုင်ငံမဟုတ်ဘဲ တခြားနိုင်ငံကနေ လုပ်တာပါလို့ facebook ကို မျက်လှည့်ပြလိုက်ရုံဘဲလေ( သူက မြန်မာနိုင်ငံဆို သေချာစစ်တာကို)


အခုနည်းလုပ်ဖို့အတွက် (ဖုန်းကနေ Gmail အကောင့်လုပ်တာလွယ်တယ်ဆိုတာတော့ မိတ်ဆွေတိုင်းသိမယ်ထင်လို့ မပြောတော့ဘူးနော်)


1. အရင်ဆုံး ကိုယ့်ဖုန်းထဲ့ကို ဒီဆောဖ်ဝဲနှစ်ခု ကို(1.EasyOvpn/ 2.OpenVPNConnect) ဒေါင်းပြီး ကိုယ့်ဖုန်းထဲ့ကို အင်စတော့လုပ်လိုက်ပါ
2. EasyOvpn ကိုဖွင့်လိုက်ရင် အောက်ကပုံအတိုင်း မြင်ရရင်
အပေါ်ဆုံးက Japan ကိုရွေးလိုက်ပါ




3. ဒါဆိုရင် အောက်ကပုံလေးမှာ ပါတဲ့အတိုင်း Accept ကိုနှိပ်ပါ





4.အောက်ကပုံလေးအတိုင်း connect ကိုနှိပ်လိုက်ပါ





5.၀ိုင်းပြထားတဲ့နေရာလေးမှာ အမှတ်ခြစ်ပေးပြီး  Ok ကိုနှိပ်လိုက်ပါ






6.ဒီဆင့်မှာ တကယ်လို့ချိတ်ဆက်လို့မရဘဲ error တစ်ခုခုတက်လာခဲ့ရင် အကွက်လေးထဲက ip ကိုပြောင်းပေးပြီး connect ကိုထပ်နှိပ်ပါ။



7.ဒါဆိုရင် အခုလို Japan IP ကိုလှမ်းချိတ်နေပါပြီ




8.အောက်ကပုံမှာလို ကျွန်တော်ဝိုင်းပြထားသလိုမျိုး sing ပြပြီးဆိုရင် facebook ကျွန်တော်တို့ကို japan နိုင်ငံကနေ သုံးနေပြီ ထင်သွားပါပြီ။

9. အဲလိုဖြစ်သွားပြီးဆိုရင်တော့ ကြိုက်တဲ့ Browser ကနေ facebook ကိုဝင်ပြီး create new account ကိုနှိပ်ပြီး ကြိုက်သလောက် လုပ်လို့ပါပြီး( ကျွန်တော်ကတော့ UC browser ကိုသုံးပါတယ်





မှတ်ချက်။ facebook နာမည်တွေ ဖြည့်တဲ့အခါ English နာမည်တွေပေးမှ ပိုအဆင်ပြေတယ် ခင်ဗျ ဥပမာ-Jon Smit လိုမျိုးပေါ့ နောက်ပြီး ကျောင်းတွေ တက္ကသိုလ်တွေဆိုရင်လည်း အစစာလုံးလေးတစ်လုံးရိုက်လိုက်တာနဲ့ သူရွေးပေးတဲ့ ဟာရွေးတာက ပိုအဆင်ပြေတယ် နောက်ပြီး တစ်ခါတည်း ဂျပန်က သူငယ်ချင်းလေး ငါးယောက်လည်း Add လိုက်အုံး၊ facebook pake လေးနှစ်ခုကိုလည်း Like လုပ်ပေးထားလိုက်အုံး အဲဒါဆိုရင်
တော်တော်ကို အဆင်ပြေသွားပြီခင်ဗျ . . .


(ကျွန်တော်ကိုယ်တိုင် အကောင့်နှစ်ခုစမ်းသပ်ထားပြီးမှ သေချာရေးထားတာပါခင်ဗျ ကျွန်တော်မိတ်ဆွေတွေ သူများကိုယ်တိုင် လုပ်တတ်စေချင်၊ သူများကိုလည်း ပြန်ပြီးကူညီလို့ရအောင် တစ်ခါမှ မရေးဖူးဘဲ ရေးထားလိုက်ပါတာ တစ်ခုခုလိုအပ်ခဲ့ရင် နားလည်ပေးပါနော်)
Ref and Credit to http://readtohelp.blogspot.com/

အဆင်ပြေပါစေ . . . အဆင်မပြေရင် Comment (or) C-Box မှာပြောခဲ့ပါခင်ဗျာ အတတ်နိုင်ဆုံးအဆင်ပြေအောင်ကြိုးစားပေးပါမယ်

ဖုန်းအတွက်အသုံးဝင် application တစ်ချို့စုစည်းတင်ပေးလိုက်ပါတယ်

ကဲပျင်းပျင်းရှိတာနဲ့ ဘာတင်ပေးရင်ကောင်းမလဲလို့ စဉ်းစားရင်း အသုံးဝင်မဲ့ application တစ်ချို့ တင်ပေးလိုက်ပါတယ်ခင်ဗျာ . . .




အဆင်ပြေပါစေ . . . အဆင်မပြေရင် Comment (or) C-Box မှာပြောခဲ့ပါခင်ဗျာ အတတ်နိုင်ဆုံးအဆင်ပြေအောင်ကြိုးစားပေးပါမယ်

Huawei G610 (G610-C00) Official Firmware

ဒါလေးကလည်း MEC Tel ထုတ် CDMA 800 + GSM သုံးချင်သူတွေ အကြိုက်တွေ့နေတဲ့ G610 (CDMA+GSM) ရဲ့ Official Firmware လေး ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ဈေးကွက်လိုအပ်ချက်အရ ဈေးနှုန်းအနည်းငယ် ကြီးနေသေးပေမယ့် မကြာခင်မှာ ဈေးကျလာမယ်လို့ ယူဆရလို့ လူသုံးများလာနိုင်တဲ့ Huawei Dual Sim ဖုန်းတစ်လုံး ဖြစ်ပါတယ်။ လိုချင်ရင် အောက်မှာ ဒေါင်းနိုင်ပါတယ်။ Huawei-G610S-Specifications
 
Download Link

Download File Server

အဆင်ပြေပါစေ . . . အဆင်မပြေရင် Comment (or) C-Box မှာပြောခဲ့ပါခင်ဗျာ အတတ်နိုင်ဆုံးအဆင်ပြေအောင်ကြိုးစားပေးပါမယ်

Huawei P6-U00 Official Firmware

Huawei ရဲ့ အသစ်ထွက် လူကြိုက်များ မော်ဒယ်လ် P6 ရဲ့ Official Firmware လေးပါ။ လိုချင်သူများဒေါင်းလုပ်ရယူနိုင်ပါပြီ
HUAWEI_Ascend_P6-U00

Download Link:
Direct Server download


အဆင်ပြေပါစေ . . . အဆင်မပြေရင် Comment (or) C-Box မှာပြောခဲ့ပါခင်ဗျာ အတတ်နိုင်ဆုံးအဆင်ပြေအောင်ကြိုးစားပေးပါမယ်

Huawei G700-U00/G700-T00 Firmwares

Huawei နောက်ပိုင်းထွက်လာတဲ့ Huawei G700-U00/G700-T00 Firmwares တွေပါ။ လိုချင်သူများဒေါင်းလုပ်ချနိုင်ပါပြီခင်ဗျာ . . .


Download Link >>>>

Huawei G700-U00 Firmware



Download G700-T00 firmware



အဆင်ပြေပါစေ . . . အဆင်မပြေရင် Comment (or) C-Box မှာပြောခဲ့ပါခင်ဗျာ အတတ်နိုင်ဆုံးအဆင်ပြေအောင်ကြိုးစားပေးပါမယ်

Myanmar apninsert.apk (အင်တာနက် Setting ကို ခလုတ်တစ်ချက်နှိပ်ရုံနဲ့ Auto ထည့်ပေးမှာပါ)




ဖုန်း internet setting ကို ခလုတ်တစ်ချက်နှိပ်ရုံနဲ့ auto ထည့်ပေးမှာပါ ။ GSM/WCDMA / CDMA 800 /
CDMA 800 (1500 Ks) တို့ရဲ့ အင်တာနက် setting များကို ခလုတ်တစ်ချက်နှိပ်ရုံနဲ့ထည့်သွင်းပေးပါမယ်။ ဒီ app လေးကိုအသုံးပြုဖို့အတွက် ဖုန်းမှာ Root access တော့ရှိဖို့လိုပါလိမ့်မယ်။ အခု beta version မှာ ၁၅၀၀ တန် CDMA အတွက်တော့ သိပ်အဆင်မပြေသေးပါ ။ ယင်းအတွက် ကြိုးစားနေပါတယ်။

သုံးပုံသုံးနည်းအနေနဲ့ အခုပေးထားတဲ့ Application လေးကိုဖုန်းမှာ install လုပ်ပြီး check root access ကိုနှိပ်ပါ။ ဖုန်းမှာ root access ရတယ်ဆိုရင် system ထဲကိုနည်းနည်းဝင်နှိုက်ပြီး application ထဲကနေပြန်ထွက်သွားပါမယ်။ All Application ထဲမှာကြည့်လိုက်ပါ ။ Myanmar Apn ဆိုတဲ့နာမည်နဲ့ ဆော့ဝဲလေးတစ်ခုရောက်နေတာကိုတွေ့ရပါမယ်။ Myanmar Apn ထဲကိုဝင်ပြီး ကိုယ့်ဖုန်းအမျိုးအစားအလိုက် Apn setting ခလုတ်တစ်ချက်နှိပ်ရုံလေးပါပဲ။ setting ထည့်ပြီးဖြစ်ပါလိမ့်မယ်။

Myanmar Apn (Beta) for Android ကိုအောက်က link မှာရယူပါ။


Download myanmar apninsert.apk


အဆင်ပြေပါစေ . . . အဆင်မပြေရင် Comment (or) C-Box မှာပြောခဲ့ပါခင်ဗျာ အတတ်နိုင်ဆုံးအဆင်ပြေအောင်ကြိုးစားပေးပါမယ်

G610C ကို Root လုပ်ကြရအောင်



G610 ရိုးရိုးကတော့ Vroot နဲ့ထိုးရင် ရပါတယ်.....
G610C ကတော့ Vroot နဲ့ထိုးရင်တန်းမရပါဘူး........
ဒီအချက်လေးတွေအရင်လုပ်ရပါတယ်.......
ပထမဦးဆုံး
*#*#2846579#*#*
လို့ဖုန်း diapad မှာရိုက်ထည့်ပါ....
ပြီးရင်တော့
Project menu>Backgroud setting>log setting>log switch>log on>comfirm
လုပ်ပါ.....
လုပ်ပြီးရင့်တော fast boot ကို off ပြီး usb debugging ကို on ပါ....
အားလုံးလုပ်ပြီးရင်တော ထုံးစံအတိုင်း vroot ကိုဖွင့်ပြီးလုပ်ပါ ထိုးလိုက်တော့ ဗျာ
restart ကျပြီးပြန်တက်လာရင် root ရပါပြီ.........
ရသွားရင်Project menu>Backgroud setting>log setting>log switch>log off>comfirm
ပြန်လုပ်ပါ.......
V-root 1.6  မရှိရင်တော့ Download here
မြန်မာဖောင့်ကိုတော့ ကိုကျော်စွာသွင်ရဲ့ smart zawgyi fonts လေးထည့်မှာဖြစ်လို့
ဒီမှာ ယူပြီးသွင်းပါ.........
ဒါဆိုရင်တော့ အဆင်ပြေသွားပါပြီ............
အားလုံးအဆင်ပြေမှာပါ.........ကျွန်တော်စမ်းသပ်တာerror လုံးဝမရှိပါ.....

Credit >>> burmese technology 
Ref to speedcomputer


အဆင်ပြေပါစေ . . . အဆင်မပြေရင် Comment (or) C-Box မှာပြောခဲ့ပါခင်ဗျာ အတတ်နိုင်ဆုံးအဆင်ပြေအောင်ကြိုးစားပေးပါမယ်

Keyboard Pro Crack Version ( Android Application )

Frozen Zawgyi KeyPro Crack Version 
ဘယ်တော့မှ experia date မဖြစ်တော့ဘူး
လိုချင်ရင် အောက်မှာ ဒေါင်းလိုက် . .  :)
Download => Link 1 / Link 2

Battery တွေအတွက် မရှိမဖြစ် Battyer Booster (Full ) v 6.5 Apk


Phone ရဲ့ Battery အသုံးပြု မှုနှုန်းကို ပြသရုံသာမကပဲ ကိုယ်အသုံးမပြုပဲ နောက်ကွယ်ကနေ run နေတဲ့ battery စားတဲ့ 
app တွေကပါ ပိတ်ပေးတဲ့ အတွက် ဒီ app လေးရှိရုံနဲ့ ကိုယ့် battery အားတွေဘာမှ မသုံးပဲ အကုန်မြန်နေတဲ့ သူငယ်ချင်းတွေ
အတွက်တော့ အဆင်ပြေစေမယ်လို့ ထင်ပါတယ်ဗျာ။ Battery ရဲ့ indicator ကို notifaction bar မှာပြသပေးတဲ့အပြင်၊ screen 
ပေါ်မှာလည်း widget အနေနဲ့ ပြသပေးပါတယ်။ ဒါတင်မကပဲ ဖုန်းရဲ့ အပူချိန်ကိုလည်း လျှော့ချပေးတာကိုတွေ့ရပါတယ်။ 
 Battery နဲ့ပတ်သက်ပြီး system ပိုင်းကိုလည်း ထိန်းသိမ်းပေးတဲ့အတွက်အသုံး ပြုတဲ့ user တွေအတွက် စိတ်ကျေနပ်မှုပေးစွမ်းနိုင်ပါလိမ့်မယ်လို့ ထင်ပါတယ်ဗျာ။ ဒီ app လေးကို android version 1.5 နဲ့အထက်ရှိရုံနဲ့အသုံးပြုနိုင်ပါတယ်ဗျာ။ 


အောက်က link တွေကနေ download လုပ်နိုင်ပါတယ်ဗျာ။ 
အားလုံးအဆင်ပြေကြပါစေဗျာ။ 

28 August 2013

နာမည်ကြီး V Root ခေါ် Root Master ဗားရှင်းသစ် 1.6 ထွက်ပြီ..


ခုနောက်ပိုင်း Root လောကမှာ နာမည်ကြီးပြီး တကယ်လက်တွေ့မှာလည်း တော်တော်အသုံးတည့်တဲ့ Vroot ခေါ် Root Master က ဒီနေ့ 26.8.2013 ရက်နေ့မှာ ဗားရှင်းသစ် 1.6 ထွက်လာပါတယ်.. ဖုန်းအားလုံးနီးပါးကို Root လုပ်နိုင်ပါတယ်.. Windows 8 ကိုလည်း Support ပေးထားပါတယ်.. HTC နဲ့ Samsung ထဲမှာတော့ သိပ်စွမ်းတာ မတွေ့ရပါဘူး.. တရုတ် Root Tool ဖြစ်လို့လားတော့မသိဘူး.. Huawei ကိုတော့ တော်တော်နိုင်တယ်လို့ပြောလို့ရပါတယ်.. ကဲ အောက်မှာ ဒေါင်းဗျာ..


အဆင်ပြေပါစေ..

Download :

SIM Card ရဲ့PIN / PUK Lock အကြောင်းနဲ့ Lock ကျရင်ဖြေရှင်းနည်း

Network Lock ဖြစ်တာဖြည်ဖို့ အထောက်အပံ့ရအောင် Network Unlock Code အလကားလုပ်ပေးမယ်ဆိုပြီး ပို့စ်တင်လိုက်တာ.. Sim Card Pin Lock ကျတာဘယ်လိုဖြေရမလဲ မေးလာပြန်တယ်ခင်ဗျ.. ဒီပို့စ်အတွက် အဖြေလိုက်ရှာရင်း   mm-mpxteam  မှာ ZawMyoOo ရေးထားလို့ ပြန်လည် မျှဝေလိုက်ပါတယ်.. မူရင်းအတိုင်းပါ..
 
-------------------------------

SIM card ရဲ့ PIN or PUK lock အကြောင်းလေးနဲ့ lock ဖြစ်သွားရင် ဖြေရှင်းနည်းကိုလည်း အနော်သိသလောက်လေး ပြောချင်ပါတယ်ဗျ....
ပို့စ်ထပ်သွားရင်လည်း ခွင့်လွှတ်ပါခင်ဗျာ....
ဆာ့...ဆာကြီးတွေကတော့သိမှာပါ....
အနော်လို Beginner တွေအတွက် ဗဟုသုတအနေနဲ့ ဒီပို့စ်လေးရေးလိုက်ပါတယ်ခင်ဗျာ......

PIN lock နဲ့ PUK lock ဆိုပြီး Sim lock (2)နှစ်မျိုးရှိပါတယ်...
အနော်တို့နိုင်ငံမှာ ၁၅သိန်းတန် ၅သိန်းတန်  ၂သိန်းတန် အားလုံးမှာ မူလ PIN code က 12345 ပုံမှန်နံပါတ်ပါ....သိသူများလည်းသိမှာပါ....
မသိသူများကလည်း PIN lock - 12345 ကိုမှတ်ထားလိုက်ပါ...
တစ်ချို့ တစ်ချို့တွေဟာ Sim Card ကို ကဒ်ချိုးပီတာနဲ့ အမှုမဲ့ အမှတ်မဲ့ ထားတတ်ကြပါ... တစ်ချို့ကလည်း လွင့်ပစ်တတ်ပါတယ်.....သိမ်းထားရမှန်းမသိကြပါဘူး...တကယ်တော့ Sim Card ချိုးထားပီတဲ့ ကဒ်အခွံဟာသိမ်းထားရပါမယ်ဗျ..ဒါဟာတကယ်ကိုအရေးကြီးပါတယ်....ဒီကဒ်အခွံမှာ PUK Code တစ်ခါထဲပါပီသားပါ.....
Sim lock လည်းကျရော ဘာလုပ်ရမှန်းမသိပဲ ဆိုင်ကိုပြေးရပါတော့တယ်....
ဆိုင်သမားတွေကလည်း Sim lock ကျတာဖြစ်တဲ့အတွက် ကဒ်ချိုးထားတဲ့ကဒ်ရှိမှ Unlock ပြုလုပ်နိုင်မှာဖြစ်ပါတယ်...
အဲ့မှာမသိမ်းထားတဲ့သူများကတော့ ဘာမှန်းမသိတာနဲ့တင် MPT ရုံးဆီကိုပြေးရပါတော့တယ်.....
အခုထွက်တဲ့ ၁၅၀၀ တန် MEC TEl မှာတော့   PUK ရော PIN ရော ခဲခြစ်အဖြစ်ထည့်ပေးထားပါတယ်...
သဘောကတော့ Sim lock ကျရင်အဆင်ပြေနိုင်အောင်လို့ပါ....
SIM lock ကျသွားရင် မလုပ်တတ် လုပ်တတ်နဲ့ လျှောက်ပြီးလည်းရိုက်မထည့်ပါနဲ့... ဆိုင်ပြေးတာထက်စာရင် ဆက်သွယ်ရေးရုံးကိုတိုက်ရိုက်သွားတာပိုကောင်းပါတယ်ခင်ဗျာ...
အနော်လိုကလိတာ ၀ါသနာပါတဲ့ beginner တွေအတွက်ကတော့ အောက်မှာရေးထားတဲ့အတိုင်း စမ်းကြည့်ကြပေါ့ဗျ....မိမိဆန္ဒရှိမှ စမ်းသပ်ပါ....အနော်မတိုက်တွန်းပါဗျ...
အကြောင်းအမျိုးမျိုးကြောင့် ကိုယ့် Sim Card က lock ကျပီဆိုရင် ဖုန်းလိုင်းပျောက်သွားပါမယ်..Unlock ပြန်လုပ်ဖို့ ဖုန်းက PUK Code တောင်းပါလိမ့်မယ်...PUK Code က ခုနကအနော်သိမ်းထားပါလို့ပြောတဲ့ ကဒ်ချိုးပီတဲ့ကဒ်ထဲမှာ ပါပီသားပါ...
- Unlock ပြန်လုပ်ပုံကတော့ အဲ့ဒီဆင်းကဒ်ချိုးလိုက်တဲ့ ကဒ်မှာပါတဲ့ PUK Code (၈) လုံးကို ရိုက်ထည့်ပေးပြီး OK  နှိပ်ပါ....
- PIN Number အသစ်ပြန်လုပ်ခိုင်းပါလိမ့်မယ်... 12345 လို့သာ ရိုက်ပြီး OK နှိပ်ပါ.....
- နောက်တစ်ခေါက် PIN Number ကို Confirm လုပ်ခိုင်းပါလိမ့်မယ်....12345 လို့ထပ်ရိုက်ပေးပြီး OK နှိပ်လိုက်ပါ...ဒါဆိုရင် Sim Lock, ပြုတ်ပြီး ဖုန်းလိုင်းပြန်တက်လာပါလိမ့်မယ်ဗျ.....
ဒီအောက်ကနည်းလေးကတော့ မိမိတို့ရဲ့ ဆင်းကဒ်ကို Lock ချထားချင်သူများအတွက် ပြုလုပ်နည်းလေးပါတင်ပေးလိုက်ပါတယ်ဗျ...
အနော်ကတော့မတိုက်တွန်းပါဘူး....Sim Card Lock ချချင်တယ်ဆိုရင်လဲ အခုနောက်ပိုင်းထွက်တဲ့ Antivirus ဆော့ဝဲလ်တွေမှာ Sim Card Lock Function ပါတာတွေ အသုံးပြုထားရင်လဲ မိမိတို့ရဲ့ ကဒ်ကို Lock ချထားနိုင်ပါတယ်ဗျ....မိမိတို့ဆန္ဒရှိလို့ အသုံးပြုချင်တယ်ဆိုသူများ အဆင်ပြေစေရန်နှင့် ဗဟုသုတအနေနဲ့ တင်ပေးလိုက်ပါတယ်...

ဘာလို့  SIM Lock ချထားရပါသလဲ ဆိုရင် SIM Card ကို အခြားသူတစ်ဦးဦးက အသုံးမပြုနိုင်အောင်ချရခြင်းဖြစ်ပါတယ်...
SIM Lock ချထားပါက မိမိဆင်းဒ်ကဒ်ကို ဘယ်ဖုန်းမှာထည့်ထည့် ကုဒ်တောင်းနေမှာပါ ကုဒ်မသိရင် သုံးလို့မရတော့ပါဘူး ဘယ်ဖုန်းကိုပဲ ထည့်ထည့်ပါ  ဆင်းဒ်ကဒ်မှာ Effect ဖြစ်နေတာပါ ....အဲဒါကြောင့်ချရတာပါ...
မလိုအပ်ရင်တော့ SIM Lock ကို ဖွင့်မထားပါနဲ့...
PIN Code ကို မလိုအပ်လျှင် မပြင်ပါနဲ့  မကလိပါနဲ့...
ပြင်ချင် Lock ချချင်သူများကတော့ မူလ PIN Code က 12345 သာဖြစ်ပါတယ် အဲတာကို ဝင်ချင်ရင်  အဲကောင်ရိုက်ပေးမှပွင့်ပါတယ် ...
အဲဒီကုဒ်မရိုက်ဘဲ ကျန်တာတွေ လျှောက်ရိုက်မိရင်တော့ သုံးခါထက်ပိုရိုက်မိရင် လော့ချလိုက်မှာဖြစ်ပါတယ်..
ဒါဆိုအဓိကပြောချင်တာက
SIM Lock ပြောင်းခြင်ရင်   ပထမဆုံး  12345 ကိုရိုက်ပါ ကျန်တာရိုက်လို့မရပါ..  ပြီးမှ ကိုယ် ကြို့က်တဲ့ကုဒ်ကိုပြောင်းပါ မေ့လို့မရပါ...ဒါအရေးကြီးပါတယ်ဗျ...

**********************************
အနော်ရေးလိုက်တဲ့ပို့စ်ဟာ Bothers တို့အတွက် အသုံးဝင်သွားတယ်ဆိုရင် အနော်ပင်ပန်းရကြိုးနပ်တာပေါ့ဗျာ...

အဆင်ပြေပါစေဗျ.....

Credit :
mm-mpxteam 

22 August 2013

Huawei G610-U00 Build Number b129 Firmware လေးပါ (576.68Mb)

http://cn.ui.vmall.com/images/G610.png 
ဒီကောင်လေးကတော့ခုနောက်ပိုင်း Huawei ကနေအသစ်ထပ်ထုတ်လိုက်တဲ့ GSM/WCDMA နှစ်မျိုးသုံးဖုန်းလေးဖြစ်ပါတယ်။
Model number
Huawei G610-U00
CPU
Quad core 1.2 GHz
Phone Storage
1.38GB free, 4.00GB Total
 Resolution
540*960
 Android Version
4.2.1
အဆင်ပြေပါစေခင်ဗျာ . . .

ကိုလှ နည်းပညာ

Android Phone ပေါ်ကနေ ဘောလုံးပွဲ၊ Smart Down နဲ့ အခြားသောMovies များကြည့်ရှုရန် SyblaTV.apk

Live soccer channels streaming on syblamovies documentarie and music channels on sybla TV


Screen shot အပြည့်အစုံမတင်ပေးနိုင်တာခွင့်လွတ်ပါခင်ဗျာ . . .
အားလုံးပဲမင်္ဂလာပါခင်ဗျာ . . . ဖုန်းထဲမှာအင်တာနက်(သို့) wifi ရှိတာနဲ့ မိမိဖုန်းပေါ်ကနေ ဘောလုံးပွဲအပါအ၀င် အခြားသော Movies လိုင်းများကို တိုက်ရိုက်ကြည့်ရှုနိုင်မယ့် ဖုန်း Application တစ်ခုမျှဝေလိုက်ပါတယ်။ ကျွန်တော်သုံးတာတော့အဆင်ပြေပါတယ်ခင်ဗျာ . . . လိုင်းမကောင်းရင်တော့ နဲနဲထစ်ချင်တယ်ခင်ဗျ . . . စမ်းသုံးကြည့်ဖို့အတွက် ဘော်ဒါများကို မျှဝေလိုက်ပါတယ်ခင်ဗျာ . . .ကဲလိုတာလေးတွေဒေါင်းလိုက်ပါဦး နှစ်ခုလုံး Install လုပ်ပါခင်ဗျာ
Download Link >>>>


အဆင်ပြေပါစေ . . . အဆင်မပြေရင် Comment (or) C-Box မှာပြောခဲ့ပါခင်ဗျာ အတတ်နိုင်ဆုံးအဆင်ပြေအောင်ကြိုးစားပေးပါမယ်
ကိုလှ နည်းပညာ

Password တိုင်းအတွက် Encripta Password Manager 1.1

အခုချိန်မှာ လူတိုင်းအားလုံးနီးပါးဟာ password တွေနဲ့အလုပ်လုပ်နေကြတယ်လို့ပြောကြရမှာပါ။ ဘာကြောင့်လဲဆို IT နည်းပညာတွေဖွံ့ဖြိုးလာတဲ့ ခေတ်ကြီးထဲမှာ လူတိုင်းဟာ မရှိမဖြစ် gmail account နှင့် facebook account တွေကတော့ရှိကြမှာ မလွဲပဲလေ။ အဲဒါကြောင့်များပြားလှစွာသော username တွေအတွက် password တွေကိုလည်း မှတ်ထားရမှာပဲလေ။ အဲလို မှတ်ထားတဲ့နေရာမှာလည်း စာအုပ်တွေအပေါ်မှာမှတ်ထားမယ်ဆိုရင်လည်း ကိုယ်မသိစေချင်တဲ့ လူတွေက အလွယ်တကူ ရှာဖွေတွေ့ရှိသွားနိုင်ပါတယ်။ အဲဒီရန်တွေကနေ ဝေးဖို့အတွက်ဒီ application လေးကကူညီပေးပါလိမ့်မယ်။ ကိုယ့်မှာ ရှိသမျှ username နှင့် password တွေ၊ bank account တွေရဲ့ password တွေအား
လုံးကို ဒီ application လေးထဲမှာ မှတ်ထားပြီး password လေးတစ်ခု မှတ်ထားလိုက်ရုံနဲ့ အားလုံးကို အလုံခြုံ ဆုံးသိမ်းနိုင်မှာဖြစ်ပါတယ်။ ကိုယ့်ရဲ့မှတ်ထားသမျှ password တွေအကုန်လုံးကိုလည်း backup လုပ်ပြီး cloud ထဲမှာ သိမ်းထားနိုင်တာကိုလည်းတွေ့ရပါတယ်။ အားလုံးသော username နဲ့ password တွေ bank account ရဲ့ password တွေအားလုံးကို ကိုယ့်ရဲ့ android ဖုန်းလေးထဲမှာတင်ပဲ password လေးတစ်ခုတည်းနဲ့ သိမ်းထားနိုင်မှာ ဖြစ်တဲ့အတွက် မိတ်ဆွေသူငယ်ချင်းတွေအားလုံးအတွက် အသုံးဝင်းလိမ့်မယ်လို့မျှော်လင့်မိပါတယ်ဗျာ။ ဒီ application လေးကို အသုံးပြုဖို့အတွက် android version 1.5 ပဲလိုပါတယ်ဗျာ။အောက်က ပုံတွေကြည့်ပြီးလည်း လေ့လာနိုင်အောင် ကျွန်တော်ပုံတွေ ထည့်ပေး လိုက်ပါတယ်ဗျာ။

 အောက်က link တွေကနေ download လုပ်နိုင်ပါတယ်ဗျာ။

Download Here

အဆင်ပြေပါစေ..

Android Version 4.0.3 မှ 4.2.2 အထိ GApps သွင်းပေးနိုင်မည့် Smart GApps Installer ထွက်ရှိ...

 
GApps Installer တွေ ပုံစံအမျိုးမျိုး အိုင်ဒီယာအမျိုးမျိုးနဲ့ လူတော်တော်များများ လုပ်နေကြတာပါပဲ... ဒါပေမယ့် နောက်ထွက်တဲ့ G610 လို ဖုန်းတွေနဲ့ သိပ်အဆင်မပြေတာလဲ သိတဲ့အတိုင်းပါပဲ... ဒါ့ကြောင့် ဒီ Tool လေးကို လုပ်ဖြစ်သွားတာပါ... Smart GApps Installer လို့ အမည်ပေးထားပြီး... လက်ရှိမှာ Android Version 4.0.3 မှ 4.2.2 အထိ အလုပ်လုပ်ပါတယ်... ဒီ Tool လေးကို သုံးဖို့ Root Access လိုအပ်ပါတယ်... Custom Recovery ရှိရန် မလိုအပ်ပါ...
 
Download MediaFire
 
Credit to Kyaw Swar Thwin


အဆင်ပြေပါစေ . . . အဆင်မပြေရင် Comment (or) C-Box မှာပြောခဲ့ပါခင်ဗျာ အတတ်နိုင်ဆုံးအဆင်ပြေအောင်ကြိုးစားပေးပါမယ်
ကိုလှ နည်းပညာ

19 August 2013

ကလစ် ၂ချက်နှိပ်ရုံနဲ့ Fullversion ဖြစ်သော IDM(6.17 Build 8)

Internet Download Manager 6.17 Build 8
မနေ့က တော့ Patch ဖိုင်နဲ့ Full version ဖြစ်တဲ့ IDM လေး ကို တင်ခဲ့ ပြီးပါပြီ
အခု့ဒါလေး ကတော့ Patch တွေ Crack တွေ မသုံးတက်တဲ့ ဘော်ဘော် တွေအတွက်

စိတ်မညစ်ရအောင် Just Double Click လေး ကို ပြန်လည်မျှဝေလိုက်ပါတယ်

အောက်မှာ ဒေါင်းယူနိုင်ပါတယ် ခင်ဗျာ
အိုင်တီခေတ်

PhoneSpy

ဘော်ဒါ ဖုန်းအနားမှာ မရှိတဲ့အချိန် ဘော်ဒါရဲ့ ဖုန်းကို ဘယ်သူတွေ ..
ဝင်ကလိသွားလဲဆိုတာ ဖော်ထုတ်ပေးမယ့် စုံထောင်ကြီး ဖြစ်ပါတယ်။
ဘယ်လိုဖော်ထုတ်ပေးမှာလဲဆိုတော့ ဖုန်းကိုင်လိုက်တဲ့သူရဲ့ ..
မျက်နှာကို ဓါတ်ပုံရိုက်ပေးမှာဖြစ်ပါတယ်။ PhoneSpy ရဲ့ service ကို
on လိုက်တာနဲ့ ဖုန်း lock ကျနေတဲ့အခါ ဖုန်းကို lock ပြန်ဖွင့်တဲ့သူရဲ့ ..
မျက်နှာကို front camera နဲ့ ဓါတ်ပုံရိုက်လိုက်ပါမယ်။ ဓါတ်ပုံရိုက်မှန်းလဲ
သိလိုက်မှာ မဟုတ်ပါဘူး။ ဓါတ်ပုံကို Gallery ထဲမှာ PhoneSpy ဆိုတဲ့
folder ထဲကနေ ပြန်ကြည့်နိုင်ပါတယ်။ ဓါတ်ပုံများကို တစ်ခါတည်း
ပြန်ဖျက်နိုင်တဲ့ function လဲပါဝင်တယ်။ ကိုယ်မရှိတဲ့အချိန် ဘယ်သူတွေ
ကိုယ့်ဖုန်းကို လာကိုင်သွားလဲ သိချင်ရင် PhoneSpy နဲ့သာ
ဖော်ထုတ်ပေတော့။ မိမိဖုန်းမှာ front camera ပါမှ အသုံးပြုနိုင်ပါမယ်။
Android 2.3 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download -

Dropbox - https://www.dropbox.com/s/mngf8k47eydwwde/Mr.AD%20-%20PhoneSpy%201.02_3.apk

Copy - https://copy.com/SGXxYaLQws1v

Zippyshare - http://www20.zippyshare.com/v/83270897/file.html

ပျော်ရွှင်ပါစေ။

Android နဲ့ iOS ကနေ Premier League Live ကြည့်လို့ရတဲ့ Premier League Live 2013/2014


ကဲ. Premier League ချစ်သူ ဘောလုံးဝါသနာရှင်အပေါင်းတို့အတွက် Android နဲ့ iOS ကနေ Premier League Live ကြည့်လို့ရတဲ့ Premier League Live 2013/2014 ကိုတင်ပေးလိုက်ပါတယ်.. Live Scores တွေ Lineup စာရင်းတွေပါပြပေးနိုင်တဲ့အပြင် English Premier League နဲ့ပတ်သက်သမျ သတင်းတွေကို ချက်ချင်းဖတ်ရမှာဖြစ်ပါတယ်.. English Premier League တွေသာမက  UEFA Champions League,UEFA Europa League,F.A. Cup,Capital One Cup တွေကိုလည်း သိရှိနိုင်မှာဖြစ်ပါတယ်.. ဘယ်အသင်းက ဘယ်လောက်ကျသွားတယ်၊ ဘယ်လောက်တက်လာတယ်၊ ဘယ်သူ့ကို ရောင်းစားလိုက်ပြီ. စသည်ဖြင့်ပေါ့ဗျာ.. ကျွန်တော်က ဘောလုံးအကြောင်း မသိတော့ အထဲမှာ ကြည့်လို့ရတာတွေကို သိပ်မပြောတတ်ဘူး.. မိတ်ဆွေတို့အတွက်တော့ တန်ဖိုးရှိမှာပါ.. အင်တာနက်ဖွင့်ထားနှော်..

 



အဆင်ပြေပါစေ..



For iOS

iTune

For Android :

DropBox

Davvas

Zippyshare

17 August 2013

ဖိုင်တွေကို အမြန်ဆန်ဆုံးကူးချင်သူတွေအတွက် ExtremeCopy 2.3.4 (x86/x64) | 8 MB


  7 လပိုင်း 22 ရက်နေမှာ ထွက်ရှိလာတဲ့ ExtremeCopy အသစ်လေးပါ
ExtremeCopy အသုံးပြုတဲ့ သူငယ်ချင်းတွေအတွက်နောက်ဆုံးထွက်လေးပါ
ဒါကတော့ တော်တော်များများသိမှာပါ ကွန်ပျူတာမှာ ဖိုင်တွေ အလွဲအပြောင်း ကော်ပီလုပ်တဲ့အခါ
မြန်မြန်ဆန်ဆန် ကူးနိုင်အောင် ပြောင်းနိုင်အောင် အထောက်ပံပေးတဲ့ဆောစ့်ဝဲလ်လေးပါ
အသုံးပြုမယ်ဆို အောက်ကလိပ်စာမှာရယူနိုင်ပါတယ်
လိုင်စင်ထည့်တဲ့အချိန် အင်တာနက်လေးခဏပိတ်ထားပါ

 အဆင်ပြေပါစေ . . .

Huawei C8813 ကို GSM Sim ထည့်သွင်းအသုံးပြုနည်း

 
ယ္ခု နောက်ပိုင်း အသုံးများနေတဲ့ Modeal တစ်မျိုးပါ တန်ဖိုးနည်း လိုင်းကတ်ဖြစ်သော 1500 တန် များအသုံးများနေကြတာတွေ့မြင်ရပါတယ်။
Huawei C8813 ကို GSM Sim ထည့်သွင်းအသုံးပြု လို့ ရပါတယ်

Firmware ဟြေင်းလဲပြီးတော့ တင်ကြည့် ရအောင် ဗျာ ..။

ဒီနေရာမှ Download ဆွဲလိုက်ရအောင်ဗျာ

Download C8813 To GSM Sim


မိမိ ဒေါင်းလော့ဆွဲလို့ ရလာတဲ့ အထဲ မှ . Zip ကို ဖြည် လိုက် ရင် dload ဆိုတဲ့ folder တစ်ခုရပါလိမ့်မယ်။
အရေးကြီးတာကတော့ Firmware တင်ဖို့ကအဓိက SD card ကောင်းကောင်းတစ်ကဒ်လိုပါတယ်
ဘာလို့လဲဆိုတော့ သင် Firmware ဖိုင်ကို ထည့်ထားပေမယ့် ဖုန်းက အလုပ်မလုပ်နိင်ခြင်း။ SD ကဒ်၏ စွမ်းဆောင်ရေ နည်းခြင်းကြောင့် ဖုန်း boot မှ SD card အား အတက်နေးခြင်းစသည့် အခြေအနေ များကြောင့် Firmware တင်လို့မရခြင်းအခြေ အနေများစွာ ဖြစ်တတ်ပါတယ်။
ဖုန်းအား Power ပိတ်လိုက်ပါ။
ပီးရင် SD Card အား ကွန်ပျူတာတွင် တပ်ကာ Format ရိုက်လိုက်ပါ။
ခုနက zip ဖိုင်ဖြည် ချထားတဲ့ dload folder အား SD Copy ကူးထည့် လိုက်ပါ။

သင် ဖုန်းအား ပါဝါ ဖွင့်လိုက်ပါ။ပြီးရင်
System Setting > Storage> Software Upgrade> SD card upgrade> Select “OK”
ပေးလိုက်ပါ။
Restart ကျသွားပါလိမ့်မယ်။
သူအလိုလို အလုပ်လုပ်ပါလိမ့်မယ် - Step 1> Step2 > Step 3

ပြီးရင် Restart ကျပြီး Boot ပြန်တတ်လာပါလိမ့်မယ်။
Recover mode ကိုသူ့မှာသူ ၀င်သွားပါလိမ့်မယ်။
Restart ထပ်ကျပြီး ပြန်တက်လာလျှင် Huawei C8813 ကို GSM Sim ထည့်သွင်းအသုံးပြုနိုင်ပါပြီ ။

16 August 2013

Kaspersky Antivirus 2014 နှင့် Full Version ဖြစ်အောင်လုပ်နည်း

 
Kaspersky Antivirus 2014 ကို Full Version ဖြစ်အောင်လုပ်ပြီး မဝယ်ဘဲ သုံးကြမယ်ဗျာ.. Update လည်းချလို့ရတယ်.. Kasper ကြိုက်တဲ့သူတွေ အကြိုက်ပေါ့ မဟုတ်ဘူးလား..
ကဲ..  Kaspersky 2014 Setup ဖိုင်နဲ့ Trial Reset v2.1 ကို အရင်ဒေါင်းလိုက်ပါ..


ပြီးရင် Setup နဲ့ အရင် Install လုပ်လိုက်အုံး.. ကဲ. စပြီ..
1. ကွန်ပျူတာရဲ့ အောက်ခြေညာဘက်မှာ Kasper ရဲ့ Icon ကိုညာကလစ်ထောက်ပြီး Pause protection ကိုနှိပ်ပါ. ပြီးရင် Pause ရဲ့ဘေးက အဝိုင်းလေးကို မှတ်လိုက်ပါ.. Accept လုပ်မှာလားမေးရင် Accept ကိုနှိပ်ပေးပါ..

 
 

2. ပြီးရင် Kasper Icon ကို ဘယ်ကလစ်နဲ့နှိပ်ပြီးဖွင့်လိုက်ပါ.. Desktop က Icon ကိုနှိပ်ပြီးဖွင့်လည်းရပါတယ်.. အဲဒီထဲကမှ Setting > Additional ကိုသွားပြီး Enable Self-Defence ရဲ့ဘေးက အမှန်ခြစ်ကိုဖြုတ်လိုက်ပါ.. Accept လုပ်မှာလားမေးရင် Acctpt ကိုနှိပ်ပေးပါအုံး..

 
 
3. ပြီးရင် ကွန်ပျူတာရဲ့ ညာဘက်အောက်ခြေနားက Kasper Icon ကိုညာကလစ်နှိပ်ပြီး exit ကိုနှိပ်လိုက်ပါ.. ( အပေါ်ကအဆင့်တွေကို မလုပ်ဘဲ Exit ကိုပဲနှိပ်လို့မရပါဘူး.. )
 
4. ကဲ. ခု Trial Reset 2.1 ကို ညာကလစ်ထောက်ပြီး Run as Administrator နဲ့ Run ပေးလိုက်ပါ.. ပြီးရင် Russia ဘာသာရေးထားတဲ့ အလယ်က Button ကိုနှိပ်ပေးလိုက်ပါ..
 
5. နောက်ထပ် ဘောက်တစ်ခုတက်လာရင် Yes ကိုသာနှိပ်လိုက်ဗျာ.. အပေါ်ကစာတွေက မဖတ်တတ်ဘူး..
6. အပေါ်ကအဆင့်ပြီးသွားရင်တော့ ကွန်ပျူတာကို Restart ချပေးလိုက်ပါ.. စက်ပြန်တက်လာရင် Kaspersky က ကီးတောင်းပါလိမ့်မယ်.. မတောင်းရင် Kaspersky ကို ကိုယ်ဟာကိုယ်နှိပ်ပြီး Run ပေးလိုက်. ကီးတောင်းမှာပါ.. Kas Internet Security 2014 မှာဆိုရင်တော့ Trial Key ကိုထည့်ပေးရမှာဗျ.. ခုက Kaspersky Antivirus 2014 ဆိုရင်တော့ ကီးထည့်စရာမလိုဘူး. Activate Trial Version ကိုနှိပ်ပေးလိုက်ပါ..

7. အဆင့်တွေ ပြည့်စုံတယ်ဆိုရင်တော့ Activate ဖြစ်ကြောင်း ပြပါလိမ့်မယ်..

8. ခု အပေါ်က အဆင့်(1)နဲ့(2)မှာ Pause လုပ်ခဲ့တာ. Enable ဘေးက အမှန်ခြစ်ဖြုတ်ခဲ့တာကို ပြန်ပြီး Enable လုပ်လိုက်ပါအုံး.. အားလုံးပြီးသွားရင်တော့ Update လုပ်လို့ရပြီ..


အဆင်ပြေပါစေ..

15 August 2013

Android Phone ထဲက Data တွေကို အင်တာနက်ကနေ လှမ်းဆွဲယူမယ်

သင့်ဖုန်းထဲက ဓာတ်ပုံတွေကို အွန်လိုင်ကနေတိုက်ရိုက် ဒေါင်းလုပ်ဆွဲမယ်
အရင်ကတော့ ကျွန်တော်တို့ အဝေးရောက်နေတဲ့ ကိုကို၊ မမ တွေ
အိမ်က မိဘ ဆွေမျိုးတွေဆီဓာတ်ပုံပို့ချင်ရင် E-mail ကနေတဆင့်
ပို့ကြရပါတယ်။ အခုတော့ E-mail ကိုတောင်သုံးစရာမလိုတော့ဘူးဗျ
အင်တာနက်ကော်နပ်ရှင်ရှိပြီး Wifi File Explorer ဆိုတဲ့ Android Software
လေးရှိရုံဖြင့် ဖုန်းထဲကို အွန်လိုင်းကနေတိုက်ရိုက် ၀င်ရောက်ကြည့်ရှု
ဒေါင်းလုပ်ဆွဲလို့ရပါပြီကဲ စလိုက်ကြရအောင်လားဗျာ…
အရင်ဆုံး လိုအပ်တဲ့ Software က Wifi File Explorer ဆိုတာလေးကို
ဒေါင်းလိုက်ပါ။ပြီးရင်တော့သင့် Android Phone ထဲမှာ Install သွင်း
ထားလိုက်ပါ။

ပြီး၇င်တော့ အဲဒီ WIFI File Explorer လေးကိုဖွင့်လိုက်ပါ။


ဒါဆိုရင်သူက ဖုန်းနဲ့လက်ရှိသုံးနေတဲ့ Connection Name နဲ့
Browser IP Address အပါအ၀င် Port Number လေးပါပါလိမ်
မယ်ဗျ။သြ သင့်ဖုန်းက အင်တာနက်နဲ့ ဆက်သွယ်ထားဖို့တော့လို
မယ်နော်…အခုလို ဖုန်းထဲမှာ ဒီလိုလေး Run ထားတယ်ဆိုရင်
 မြန်မာနိုင်ငံအပါအ၀င် ကမ္ဘာပေါ်ရှိ မည်သည့်နိုင်ငံ ကနေမဆို သင့်
 ဖုန်းထဲကို အင်တာနက်ကနေတဆင့် ၀င်ရောက်ကြည့်ရှုလို့ရပါပြီ
နောက်ထပ်လုပ်ဆောင်ချက်ကတော့ ကွန်ပျူတာကနေလုပ်ဆောင်ရ
မည့်လုပ်ဆောင်ချက်တွေပါ။အရင်ဆုံး Browser တစ်ခုခုကိုဖွင့်လိုက်
ပါပြီးရင် အောက်ပါဖော်ပြပါပုံအတိုင်း Address Bar လေးမှာ
သင့်ဖုန်းထဲက Browser IP Address 192.168.1.3:8000
ဆိုတာလေးကို ရိုက်လိုက်ပါ



ပြီးရင်တော့ Enter ခေါက်လိုက်ပါ။အောက်ပါပုံအတိုင်းပေါ်လာမှာဖြစ်ပါတယ်


 ထိုအထဲကနေမှ မိမိယူချင်တဲ့ Data ရှိတဲ့နေရာယူသွားပြီး
မိမိလိုချင်တဲ့ Data ကို တိုက်ရိုက် ဒေါင်းလုပ်ဆွဲလို့ရ ပါပြီ။
 အကယ်လို့သင်က သင့်ဖုန်းကို အွန်လိုင်းကနေလှမ်းပြီး
Access လုပ်တာကို Security ပိုင်းနဲ့ လုပ်ချင်တယ် ဆိုရင်
သင့်ဖုန်းထဲမှာလုပ်ရမှာက WIFI File Explorer ကိုဖွင့်ထား
တဲ့အချိန်မှာ သင့်ဖုန်းကနေ Menu ကိုတစ်ချက်နှိပ်လိုက်ပါ
အောက်ပါပုံအတိုင်းပေါ်လာပါလိမ့်မယ်



အဲဒီထဲကမှ Setting ကိုဝင်လိုက်ပါ



Require Password ဆိုတဲ့နေရာမှာ အမှန်ခြစ်လေးခြစ်ပေး
လိုက်ပြီး ဒုတိယစာကြောင်းဖြစ်တဲ့ Password ဆိုတာကိုဝင်
လိုက်ပါ အောက်ပါပုံအတိုင်းပေါ်လာရင် မိမိ ပေးချင်တဲ့
Password ကိုပေးထားလိုက်ပါ။



ဒါဆိုရင် သင့်ဖုန်းထဲကို အင်တာနက်အွန်လိုင်းကနေတဆင့်
ဝင်မယ်ဆိုရင် Password တောင်ပါလိမ့်မယ် အောက်ပါပုံအ
တိုင်းပေါ့..

လိုအပ်တဲ့ WIFI Explorer လေးကိုတော့ အောက်မှာဒေါင်းနိုင်ပါပြီ.. 

Download => Link 1 / Link 2 /

Credit => ဦးဦးဇာနည်