Showing posts with label Huawei Google app သွင်းနည်း. Show all posts
Showing posts with label Huawei Google app သွင်းနည်း. Show all posts

01 October 2013

G610 Series တွေအတွက် Google app သွင်းနည်းပါ

အားလုံးပဲမင်္ဂလာပါ  G610 Series တွေအတွက် Google app သွင်းနည်းပါ။ ဒီကောင်ကအရင်တုန်းကတင်ထားပါတယ် ဒါပေမယ့် ခုပြန်တင်ပေးလိုက်ပါတယ် လင့်သေတယ်လို့ပြောလို့ပါ။ ခုလည်းဒီကောင်ကို လင့်အသစ်နဲ့တင်ပေးထားပါတယ်။ ခုနောက်ထွက်တဲ့ Myandroid1.4 က G610 ကို Google app သွင်းရင် Error ရှိနေတဲ့အတွက် မသိသေးသူများအဆင်ပြေအောင် ကျွန်တော်စမ်းကြည့်သလောက်အဆင်ပြေတဲ့ Myandroid 1.3 ကိုပဲပြန်တင်ပေးလိုက်ပါတယ်ခင်ဗျာ. . . အဆင်ပြေပြီးသားသူများကတော့ ကျော်သွားလိုက်ပါ။
Password : mmsd
Root မလုပ်ရသေးတဲ့သူများအတွက် V-root English Version 1.6 ကိုဒေါင်းပါ။ ပြီးရင်တော့ ထုံးစံအတိုင်း USB Unknown Source နဲ့ USB Debuggint ကို On ထားပါ။ ဖုန်းကိုကွန်ပျူတာနဲ့ချိတ်ပြီး V-root ကိုဖွင့်ပြီး Root ဆိုတာကို နှိပ်လိုက်ပါ။ ပြီးသွားရင် Restart ကျသွားပါလိမ့်မယ်။ ပြန်တက်လာရင် Root ရပါပြီ။
အဲဒီမှာပြောချင်တာက Super user Grant permission  တောင်းလို့ရှိရင် ညာဘက်ကဟာကို နှိပ်ပေးပါ။ ကဲဒါဆို root တာပြီးပြီနော် . . . Google app ထည့်ကြမယ် V-root ကိုပိတ်လိုက်လို့ရပါပြီ . . .
ထုံစံအတိုင်းUSB Unknown Source နဲ့ USB Debuggint ကို On ထားပါ . . . ဖုန်းကို ကွန်ပျူတာနဲ့ ချိတ်လိုက်ပါ။
Myandroid1.3.exe ကိုဖွင့်လိုက်ပါ အောက်ကပုံလေးအတိုင်းပေါ်လာမယ်
အဲဒီမှာ အနီရောင်ကွင်းထားတဲ့ G-talkသွင်းရန်ဆိုတာကို နှိပ်လိုက်ပါ။ အောက်ကအတိုင်းထပ်ပေါ်လာပါမယ်



အဲဒီမှာ Version အလိုက်သေချာရွေးပေးပါ။ ခုတော့ Jelly Bean ဖြစ်နေလို့ အနီရောင်ဝိုင်းထားတာကို ရွေးလိုက်ပါတယ်။ ပြီးရင်တော့ Start ဆိုတာကိုနှိပ်လိုက်ပါ။ ခဏစောင့်နေလိုက်ပါ . . . ခဏကြာရင်  Google app များသွင်းပါပြီဆိုပြီး ပုံလေးနဲ့တက်လာပါလိမ့်မယ်။ ဖုန်းလည်း Restart ကျသွားပါမယ် ပြန်တက်လာရင်တော့ ကြည့်လိုက်ပါ။ Google app ကို အောင်မြင်စွာထည့်ပြီးသွားပါပြီ သုံးရတာလည်း အဆင်ပြေပါတယ်။ ဘာကြောင့်ဒီပို့စ်ကိုပြန်တင်သလဲဆိုရင် ကျွန်တော် myandroid 1.4 နဲ့စမ်းတာ G-talk မှာ Error ရှိနေလို့ပါ။ သူငယ်ချင်းများလည်း အဆင်ပြေအောင်  ပြန်တင်ပေးခြင်းဖြစ်ပါတယ်။
Download လုပ်ဖို့ Link ကိုနှိပ်ရင် adf.ly or adfoc.us တစ်ခုခုကိုရောက်မယ်.. ညာဘက်အပေါ်ထောင့်နားမှာ 5/6 စက္ကန့်စောင့်ပြီးရင် SKIP AD သို့မဟုတ် Skip ကိုနှိပ်ရပါမယ်.. ဒါဆိုရင် ဖိုင်တင်ထားတဲ့လင့်ကိုရောက်ပါပြီ

အဆင်ပြေပါစေ . . . အဆင်မပြေရင် Comment (or) C-Box မှာပြောခဲ့ပါခင်ဗျာ အတတ်နိုင်ဆုံးအဆင်ပြေအောင်ကြိုးစားပေးပါမယ်

22 August 2013

Android Version 4.0.3 မှ 4.2.2 အထိ GApps သွင်းပေးနိုင်မည့် Smart GApps Installer ထွက်ရှိ...

 
GApps Installer တွေ ပုံစံအမျိုးမျိုး အိုင်ဒီယာအမျိုးမျိုးနဲ့ လူတော်တော်များများ လုပ်နေကြတာပါပဲ... ဒါပေမယ့် နောက်ထွက်တဲ့ G610 လို ဖုန်းတွေနဲ့ သိပ်အဆင်မပြေတာလဲ သိတဲ့အတိုင်းပါပဲ... ဒါ့ကြောင့် ဒီ Tool လေးကို လုပ်ဖြစ်သွားတာပါ... Smart GApps Installer လို့ အမည်ပေးထားပြီး... လက်ရှိမှာ Android Version 4.0.3 မှ 4.2.2 အထိ အလုပ်လုပ်ပါတယ်... ဒီ Tool လေးကို သုံးဖို့ Root Access လိုအပ်ပါတယ်... Custom Recovery ရှိရန် မလိုအပ်ပါ...
 
Download MediaFire
 
Credit to Kyaw Swar Thwin


အဆင်ပြေပါစေ . . . အဆင်မပြေရင် Comment (or) C-Box မှာပြောခဲ့ပါခင်ဗျာ အတတ်နိုင်ဆုံးအဆင်ပြေအောင်ကြိုးစားပေးပါမယ်
ကိုလှ နည်းပညာ

14 August 2013

Huawei G610-U00 မှာ Google application သွင်းနည်း

အားလုံးပဲမင်္ဂလာပါခင်ဗျာ . . . စီဘောက်မှာ မေးထားတဲ့အတွက် အားလုံးလည်း သိရအောင် ပို့စ်မှာပဲတင်ပေးလိုက်ပါတယ်ခင်ဗျာ . . .
ဒါဆို စပြီးပြောတော့မယ်နော်. . .
  1. အရင်ဆုံး ဖုန်းကို Root လုပ်ထားရပါမယ်ခင်ဗျာ။ အဲဒါတော့လွယ်ပါတယ် ဒီTools တွေနဲ့ ရပါတယ်ခင်ဗျာ V-root (or) E-root (or) Farmroot.apk /စမ်းပြီးသား
  2. ဒါပြီးရင်တော့ ကိုဖြိုးချမ်း(MMSD)မှ လက်စွမ်းပြထားတဲ့ ဒီကောင်လေးကိုဒေါင်းလိုက်ပါ။ ဒီလင့်မှာ သွားရောက်ဒေါင်းယူပါ
  3. ဒေါင်းပြီးရင် Zip file လေးဖြည်ပြီး ရလာတဲ့ myandroid 1.3.exe လေးကို ဖွင့်လိုက်ပါ။ အဲဒီမှာ G-talk သွင်းရန်ဆိုတာလေးကိုနှိပ်လိုက်ပါ ဒါဆိုခဏနေရင် သူဟာသူ Restartကျပြီးပြန်တက်လာရင် Gmail,G-talk,Google play အားလုံးသွင်းပြီးသားဖြစ်သွားတာကိုမြင်ရမှာပါခင်ဗျာ . . .
မှတ်ချက်။ ။ ဖုန်းမှာ Unknown source နဲ့ Usb Debugging ကို ON ထားပေးပါ။ ဒီပို့တင်ဖို့အတွက် ကျွန်တော်ဖုန်း G610-U00 ကိုစမ်းပြီးဖြစ်ပါတယ်ခင်ဗျာ အားလုံးပဲ အန္တရာယ်ကင်းပါတယ် အဆင်ပြေပါစေ