31 July 2013

C8813D (C8813D,Android 4.1,Emotion UI,V100R001C92B168) Official Firmware

  
1500 တန် CDMA 800 MHz တွေ ပေါ်ထွက်လာပြီးတဲ့နောက် Huawei C8813D ဟာ လူသုံးအများဆုံးဖြစ်မယ်ထင်ပါတယ်.. မြန်မာစာသုံးဖို့အတွက်တော့ Root ဖောက်စရာမလိုဘဲ မြန်မာစာပါတဲ့ Themes ထည့်ရုံနဲ့ မြန်မာစာကို ဖတ်နိုင်တဲ့အတွက် ပိုအဆင်ပြေတာကို တွေ့ရပါတယ်.. ဒါပေမယ့် Root မှ Root ဆိုသူတွေ Root ကြရင်း အခန့်မသင့်လို့ Firmware ပျက်စီးသွားခဲ့ရင် Official ပြန်တင်လို့ရနိုင်အောင် C8813D (C8813D,Android 4.1,Emotion UI,V100R001C92B168) Official Firmware လေးကို ဒေါင်းပြီး ဆောင်ထားသင့်ပါတယ်.. တကယ်တော့ VRoot နဲ့ Root လိုက်ရင် ဒီကောင်က ပေါက်ပါတယ်.. Firmware ရဲ့ Feature အပြည့်အစုံကတော့ Huawei C8813D firmware (C8813D, Android 4.1, Emotion UI, V100R001C92B168, China Telecom) ဖြစ်ပါတယ်..

အဆင်ပြေပါစေ..

Huawei Ascend P6 Root လုပ်နည်းလေးပါ

Huawei ရဲ့လက်ရှိခေတ်စားနေတဲ့Ascend P6ရဲ့Rootလုပ်နည်းလေးကိုပြောပြပေးမှာဖြစ်ပါတယ်။
ဒီRootနည်းလေးကတော့လွယ်ကူပါတယ်။အားလုံးသိပြီးသားဖြစ်တဲ့Root Toolလေးတစ်ခုပါဘဲ
ဗျာ။
ERoot နဲ့Rootလုပ်မှာဖြစ်ပါတယ်။Rootမလုပ်ခင်မှာDeveloper Optionကိုဖွင့်ဖို့အတွက်Setting
ထဲကAbout Phoneထဲကversion numberကိုငါးကြိမ်လောက်နှိပ်လိုက်ရင်တော့Developer Option
ပေါ်လာမှာဖြစ်ပါတယ်။ပြီးရင်တော့Developer Optionထဲကိုဝင်ပြီးUSB Debuggingကိုonပေးရမှာပါ။
ပြီးရင်တော့ဖုန်းနဲ့ကွန်ပျူတာနဲ့ချိတ်ဆက်လိုက်ပါ။(MTP)deviceအနေနဲ့ဘဲချိတ်လိုက်ပါ။ပြီးရင်တော့
ERootလေးကို ဒီမှာ ဒေါင်းလိုက်ပါ။ပြီးရင်တော့ERootကိုRunလိုက်ပါ။Rootဆိုတဲ့Buttonလေးကိုနှိပ်လိုက်
ပါ။ပြီးသွားရင်တော့ဖုန်းမှာSuper Userလေးပေါ်နေလောက်ပြီဗျ။အားလုံးအဆင်ပြေပါစေ။

Rootမလုပ်ဘဲနဲ့လည်းမြန်မာစာမြင်ရဖို့ဆိုHuawei Themesတွေကို ဒီမှာ ရယူနိုင်ပါတယ်။

အဆင်ပြေပါစေခင်ဗျာ . . .

30 July 2013

Smart Zawgyi Installer Beta(2)


Smart Zawgyi Installer ဆိုတာကတော့ Smart Zawgyi Font သွင်းလို့ရမဲ့ Apk လေးဖြစ်ပါတယ်
Smart Zawgyi Font က ဘာထူးသလဲဆိုရင်တော့ Huawei G610 တွေလို ၀ လုံးပေါ်နေတဲ့ပြသာနာများကို
ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။
Android 4.1 ကျော်တွေမှာလုံးဝမြန်မာစာမှန်တယ်လို့ တစ်ခါမှမပြောဖူးပါဘူး
ဒီဖောင်ထည့်ထားရင်တော့အရင်ထက်နည်းနည်းအဆင်ပြေပါလိမ့်မယ်။
APK ကို ဒီ မှာဒေါင်းပါ။
http://www.mediafire.com/download/40qdrz4jny92bx5/Smart_Zawgyi_Installer_Beta(2).apk

ဒီ Apk လေးကိုကြည့်ရရင် Screenshot_2013-07-26-10-51-05

Screenshot_1980-01-14-01-44-32

အရင်ဆုံး Root ရှိမရှိအရင်စစ်ပါကိုနှိပ်ရပါမယ်..
Super User Request တောင်းရင်ပေးလိုက်ပါ။
ပြီးရင်အောက်က Smart Zawgyi သွင်းရန်ကိုနှိပ်လိုက်ပါ။
Screenshot_2013-07-26-10-51-16

ပြီးရင် Reboot ကျသွားပါလိမ့်မယ်…
မကျရင် Reboot ချပေးလိုက်ပါ။
ဒီ Font Installer မှာ Frozenkeyboard 1.1.3 ပါထည့်ပေးထားပါတယ်. . .
ပြန်တက်လာတာနဲ့ စာရိုက်လို့ရပါပြီ။
Frozenkeyboard 1.1.3 ကိုတော့ ကိုသီဟအေးကျော်ရေးသားထားပါတယ်. . .
ကူညီပေးသူ ကိုမိုးကုတ်သားနဲ့ ကိုဖိုးသားကိုကျေးဇူးတင်ပါတယ်. . .
အဆင်ပြေပါစေခင်ဗျာ . . .

ဖုန်းတော်တော်များများကို Root ပေးနိုင်တဲ့ VRoot Version 1.4.3 Update



ဆရာကြီး vRoot version အသစ်လာပြီနော် vRoot ပေါ်လာတာ
huawei တွေ root ရတာတော်တော်အဆင်ပြေသွားတယ်ဗျ
vRoot နဲ့ root မယ်ဆိုရင် Phone မှာ USB Debbuging ON ထားပြီး
ကွန်ပြူတာနဲ့ချိပ် driver သိတယ်ဆိုရင် ကိုယ့်ဖုန်းနာမည်ပေါ်လာမယ်
ဒါဆို အစိမ်းရောင်ခလုပ်လေးကို နှိပ်လိုက် root သွားလိမ့်မယ်
 
အဆင်ပြေပါစေခင်ဗျာ . . .

Google Application တွေကို Root လုပ်ပြီးသားဖုန်းတိုင်းသွင်းနည်း(No Need CWM Install)





Huawei C8813,C8813D,U8825Dတို့မှာBootloaderမလုပ်ဘဲRooting ပြုလုပ်ပြီး

Google applicationsများသွင်းမရလို့စိတ်ညစ်မနေနဲ့Google Applicationsကိုဒီဖုန်း

တွေအားလုံးမှာအဆင်ပြေတယ်။(စမ်းသပ်ပြီးသားဖြစ်လို့တင်ပေးလိုက်တာပါ)

လိုအပ်တာလေးကိုစတင်Downloadလုပ်ပါမယ်

ပထမဆုံးလိုအပ်တာကို ဒီ WebsitမှာDownload လုပ်ပါ။

ပြီးရင်တော့RootExplorerလေးကို ဒီမှာဒေါင်း ပြီးPhoneမှာinstallလုပ်ပါ။

Downloadလုပ်တဲ့နေရာမှာVersionတော့မမှားစေနဲ့နော်၊ မှားပြီးinstallလုပ်ရင်Firmwareအသစ်

ပြန်တင်ရတတ်ပါတယ်။ဒေါင်းပြီးရလာတဲ့ဇစ်ဖိုင်လေးကို ကွန်ပျူတာထဲက တစ်နေရာမှာ folder ဆောက်ပြီး extract လုပ်လိုက်ပါ...............ပြီးရင်အောက်က ပုံထဲက system ဆိုတဲ့folder လေးကိုရှာပါ...


တွေ့ပြီဆိုရင် ဖုန်းကို computer နဲ့ချိတ်ပြီး ဖုန်းရဲ့ မမ်မိုရီကဒ်ထဲမှာ system ဆိုတဲ့နာမည်ကို app ဆိုပြီးနာမည်ပြောင်းလိုက်ပြီးထည့်ပါ...........အထဲက system နဲ့မှားမှာစိုးလို့ပါ..........
ထည့်ပြီးရင် ကြိုးဆွဲဖြုတ်ပြီး ဖုန်းထဲက root explorer ဆော့ဝဲကို ဖွင့်ပါ......
Grant ကိုနှိပ်ပါ..........တရုတ်စာဆိုရင်လည်း ညာဘက်မှနေရာကိုနှိပ်ပါ......



SD ကဒ်ထဲကိုသွားပါ......ရောက်ပြီးလျှင် app ဆိုတဲ့ခုနက ထည့်ထားတဲ့ folder ကိုတွေ့ပါလိမ့်မယ်..
တွေ့ပြီဆိုရင်ဝင်ပါ........

ပြီးရင် အထက်ပါပုံအတိုင်းဖြစ်ရန်အတွက် ဖုန်းရဲ့အောက်နားလေးက option ကို နှိပ်ပြီး multi select ကိုရွေးပါ.......ရပြီဆိုရင် copy ကူးပြီး back နဲ့ပြန်ထွက်ပါ.....
Systemထဲကိုဝင်ပါ။app folderကိုဆက်သွားပါ



app folderထဲကိုဝင်လိုက်တာနဲ့အောက်ပါပုံကိုတွေ့ရမှာပါ.






အပေါ်က Mout R/ ကို တစ်ချက်နှိပ်ပြီး ကူးထားတဲ့ဟာကို paste ချပါ.......ပြီးလျှင်
အထက်ပါပုံအတိုင်းမြင်တွေ့ရမည်ဖြစ်ပါတယ်..............
paste ချ လို့မရလျှင် Mout R/ ကိုတစ်ချက်ပြန်နှိပ်ပါ........ပြန်ပြီး paste ချကြည့်ပါ........
အားလုံးပြီး လျှင် root explorer ဆော့ဝဲမှ ထွက်ပြီး ဖုန်းကို restart ချပါ.....
ပြန်တက်လာလျှင် upgrade လုပ်တာ ကိုခနစောင့်ပါ.............
ပြီးလျှင် google application များဖြစ်တဲ့ gmail, gtalk,google play.......စတဲ့ apps တွေကို
မြင်တွေ့ရပါပြီ...........
အာလုံးအဆင်ပြေပါစေလို့မျှော်လင့်ပါတယ်.....................

Android Version 4.0 နှင့်အထက်တွေအတွက် အထူးပြုလုပ်ထားတဲ့ Bagan Keyboard Pro v1.5.1


မင်္ဂလာပါခင်ဗျာ။

အားလုံးမျှော်လင့်နေတဲ့ Feature အသစ်တွေနဲ့ Bagan Keyboard Pro ကို Version 1.5 အနေနဲ့ Major
Changes တွေ ပြုလုပ်ပြီး ထုတ်လုပ်လိုက်ပြီဖြစ်ပါတယ်ခင်ဗျာ။
အထူးခြားဆုံးအနေနဲ့ Jelly Bean စနစ်သုံး Devices တွေမှာ အရေး၊ အဖတ် နှစ်မျိုးလုံးအတွက် မြန်မာစာ
ကို မှန်ကန်စွာမြင်၊ ရိုက်နိုင်မှာဖြစ်ပါတယ်။
ဒါ့အပြင် မိမိရိုက်လိုက်တဲ့ Font ကိုလဲ အခြား Jelly Bean စနစ်သုံး Devices တွေမှာလဲ မှန်ကန်စွာမြင်
ရမှာဖြစ်ပါတယ်။
Android 4.0 စနစ်နှင့် အထက်သုံး ဖုန်းများအတွက် အလွန် သုံးသင့်သော Keyboard တစ်ခုဖြစ်ပါတယ်။


Bagan Keyboard Pro မူလ Version မှာ ပါတဲ့ အခြား မြန်မာ Keyboard တွေထက်ထူးခြားတဲ့ စာလုံးတွေ
ကို ခန့်မှန်းပေးတဲ့ Auto Suggestion Sytem အပြင် ရရစ်၊ ရပင့်ဝဆွဲ၊အောက်မြင့်တွေကို နေရာမှန်အောင်
ပြုလုပ်ပေးတဲ့ Smart Zawgyi Feature (ဥပမာ။ ။ "နိုင်" ဟူသော စာလုံးကို ရိုက်လိုလျှင် "န" ရေးစရာမ
လိုပဲ မူလ "န" ကို "န" အဖြစ်သို့ ပြောင်းလဲပေးခြင်း)၊ စာရိုက်ရာမှာ မြန်ဆန်အောင် Shift Key နှိပ်စရာမလို
ပဲ Keyboard Screenကို Swipe Up လုပ်လိုက်ရုံနဲ့ Shift Key နှိပ်သကဲ့သို့ဖြစ်သွားနိုင်ခြင်း အသုံးများသော
စာလုံးများကို Shift Key နှိပ်စရာမလိုပဲ နှစ်ခါနှိပ်ပေးရုံဖြင့် စာလုံးပေါ်ခြင်း (ဥပမာ။ ။"ဂ" ဟူသော စာလုံးကို
 ရိုက်လိုလျှင် "၈" ကို နှစ်ချက်နှိပ်လိုက်ပါက "ဂ" ဖြစ်သွားပါမည်။)
Keyboard ၏ အလယ်ဗဟိုနေရာတွင်ရှိသော " ~ " Key သည် အဆင့် စာလုံးများကို ရေးရာတွင် အသုံးပြု
ရန်ဖြစ်ပါတယ်။
(ဥပမာ။ ။ "သတ္တိ" ဟူသော စာလုံးကို ရိုက်လိုလျှင် "သ + တ + ~ + တ + -ိ" ဟု ရိုက်လိုက်ပါက "သတ္တိ"
ဖြစ်သွားပါမည်။) Keyboard ၏ အရောင်နှင့် Layout ကိုလဲ အနည်းငယ်ပြောင်းလဲထားပါတယ်။
ယခုကဲ့သို့ ထူးခြားသော Features များ၊ Android 4.0 အထက် မှန်ကန်အောင် ပြုလုပ်ထားသော Bagan
Keyboard Pro Version ကို အခမဲ့ ဖြန့်ချိသွားမှာဖြစ်ပါတယ်။
(၂.၈၂၀၁၃ မှ ၄.၈.၂၀၁၃ အထိ) ကျင်းပမည့် Yangon ICT Fair တွင်လဲ အခမဲ့ ဖြန့်ချိသွားမည်ဖြစ်
ပါတယ်ခင်ဗျာ။

အဆင်ပြေပါစေ..


Download by Mobile

Connection နှေးနေတဲ့အချိန်မှာ Facebook ကို ဘယ်လိုသုံးမလဲ?

နှေးတဲ့ ကွန်နက်ရှင်မှာ Facebook သုံးနည်း


နှေးတဲ့ ကွန်နက်ရှင်မှာ Facebook သုံးနည်း
ဟုတ်ကဲ့ ….။
ကျနော်တို့ မြန်မာနိုင်ငံမှာလည်း ကမ္ဘာကျော် လူမှုကွန်ယက် ဝက်ဘ်ဆိုက်ကြီးဖြစ်တဲ့ Facebook ကို အတော်များများ အသုံးပြုလာကြပါပြီ။ ကျနော်တို့ဆီက အင်တာနက် ကွန်နက်ရှင်ကတော့ သိတဲ့အတိုင်း ဖွတ်ချပ်ချပ်ရယ် …။ ဒီကွန်နက်ရှင်မျိုးနဲ့ Facebook သုံးရတာ တစ်ခါတစ်လေ ကျတော့ အတော် စိတ်ညစ်ဖို့ ကောင်းပါတယ်။ ကွန်နက်ရှင်က လူသုံးများတဲ့ အချိန်ဆို ပိုပြီး နှေးနေတတ်ပါတယ်။

အခု ကျနော် ပြောမယ့် နည်းလမ်းကတော့ ဒီလို အင်တာနက် ကွန်နက်ရှင် နှေးကွေးနေတဲ့ အချိန်မျိုးမှာ Facebook ကို အသုံးပြုနိုင်တဲ့ နည်းလမ်းတစ်ခုပါပဲ။ ဘယ်လို သုံးရမှာလဲဆိုတော့ Facebook ရဲ့ Mobile Version နဲ့ သုံးမှာပါ။ အဲ့ဒီထဲမှာတော့ Chat မပါဘူး။ အသွင်အပြင်ကလည်း သိပ်တော့ မလှဘူး။
ဒါပေမယ့် … သူငယ်ချင်းတွေ တင်လိုက်တဲ့ status တွေကို မြင်ရတယ်။ ကိုယ်ကလည်း တင်လို့ရတယ်။ ရိုးရိုးထက် ပိုပြီး မြန်ဆန်ပါတယ်။

ဒါကို သုံးဖို့အတွက် ပထမဆုံး အနေနဲ့က ကိုယ်က Facebook ကို Login ဝင်ထားတယ်ဆိုရင် အရင်ဆုံး SignOut နဲ့ ထွက်လိုက်ပါ။
ပြီးသွားရင် … http://m.facebook.com/ ကို သွာလိုက်ပါ။ အဲ့ဒီမှာ Login ဝင်ပြီးသာ သုံးလိုက်ပါ။ ဒါလေးပါပဲ။ lite.facebook.com ဆိုပြီး ရှိပါသေးတယ်။ ဒါပေမယ့်လို့လည်း အဲ့ဒီဆိုက်က အခု ကျနော် စမ်းကြည့်တာတော့ အလုပ်လုပ်တာ မတွေ့ရပါဘူး။ ဒါကြောင့် m.facebook.com ကိုပဲ ညွှန်းလိုက်တာပါ။

ကွန်နက်ရှင် နှေးနေတဲ့ အချိန်မှာ ဒါလေးနဲ့ သုံးတာက ပိုပြီး ကောင်းပါတယ်။ (http://m.facebook.com/) ။ ပြီးတော့ ဒီမိုဘိုင်း ဖေ့စ်ဘုတ်မှာ သူငယ်ချင်းတွေ အသစ် တင်လိုက်တဲ့ စာတွေ၊ ပုံတွေက အော်တို ပေါ်လာမှာ မဟုတ်တဲ့အတွက် Refresh လေး လုပ်ပြီး သုံးရပါတယ်။ Webpage ကို Refresh လုပ်ဖို့ အတွက်ဆိုရင် Keyboard ထဲက F5 ကီးလေးကိုသာ နှိပ်လိုက်ပါ။


By – မဟာရာဇာ အံစာတုံး

Credit : (http://anzartone.wordpress.com/)

Huawei C8813/C8813D,G520-0000,Y300-0000,Y300C,G510-0010 အကုန် ROOT လုပ်မယ်

ကျွန်တော်ဒီ Root Tool ကို တင်ခဲ့ပြီးပါပြီ . . .ဒါပေမယ့်နောက်ထပ် ထပ်တင်လိုက်ပါတယ် အကုန်ရတယ်ဆိုလို့ စမ်းချင်ရင်စမ်းရအောင်လို့ပါ . . . ကျနော့်မှာတော့စမ်းစရာကုန်ပီရှိသမျှ ပဲ…..
အရင် ROOT အဆင်မပြေတဲ့ ဖုန်းတွေပါ..မလွယ်တဲ့ဖုန်းတွေပါ C8813 တို့ G510 တို့ကတော့ Code တောင်းပီးလုပ်လဲရပါတယ်..ဒါပေမဲ့ကြာတာပေါ့နော်…ခုနည်းကတော့ မြန်တယ်မှန်တယ်….dload နဲ့လို့တော့မထင်နဲ့နော်အဲကောင်က [dload] က error အပြည့်နဲ့ဗျ…[ သူများပြောတာပြန်ရွီးးးတာ ]…အခုဟာက Tool လေးတခုပေါ့….နာမည်လဲကြီးတယ်သိလဲသိကြပြီးသားးးပါ…..အရင် version တွေကတော့အဆင်မပြေလောက်ဘူးးးးအခု version အသစ်ကတော့တော်တော်အိုကေတယ်….. VROOT ဆိုတဲ့ TOOl လေးပါ…. version က 1.4 ပါ…အရင်ဒေါင်းသွင်းထားလိုက်နော်….
VROOT 1.4 ဒေါင်းရန်……
ပြီးရင်…ဖုန်းကိုကွန်ပြူတာနဲ့ချိတ်…Device သိနေပြီဆိုရင် VRoot က ခလုတ်လေးနှိပ်ပေးလိုက်ပါ တရုတ်စာနဲ့ဆိုတော့ ဘာရေးထားလဲတော့တိဝူးးး ROOT လို့ရေးထားတာထင်တာပဲ



အာ့လေးနှိပ်လိုက်နော်…ဖုန်းက Recovery ထဲရောက်သွားလိမ့်မယ်….ခနစောင့်ပါစောင့်နိုင်ရင်စောင် ပါ Reboot ဖြစ်ပါမယ်..မစောင့်နိုင်လဲ Reboot system now လေးနှိပ်ပေးလိုက်ပါ… VRoot
မှာအမှန်လေးပေါ်သွားပြီးဖုန်းပြန်တက်လာရင် Superuser ရနေပါပြီ…
unroot ပါတခါထဲပြောပြပါမယ်… ကွန်နဲ့ချိတ်ပါ….MTP Mode နဲ့ထားးးပါ…. unlock root ဖွင့်ပြီး unroot ခလုတ်လေးနှိပ်ပေးပါ Reboot ပေးခိုင်းပြီးပြန်တက်လာရင် unroot ဖြစ်ပါပြီ…..
အဆင်ပြေကြပါစေကျနော်စမ်းထားသလောက်ဘာ error မှ မတက်လာပါဘူးးး….
Ref to Myanmarmobileapp.com
အဆင်ပြေပါစေဗျာ . . .

29 July 2013

ရက်လွန် ၁၅၀၀ တန် Sim Card များအား သက်တမ်းတိုးနိုင်ပြီ


 ရက်လွန် ၁၅၀၀ တန် Sim Card များအား သက်တမ်းတိုးနိုင်ပြီ
================================

၁၅၀၀ တန် Sim Card များအား သက်တမ်းတိုး ဆောင်ရွက်နိုင်ကြောင်း အဆိုပါ မိုဘိုင်းဖုန်းနှင့် ပတ်သက်သည့် Hot Line (3456) မှ စုံစမ်းသိရှိရသည်။

ရန်ကုန်မြို့၌ အသုံးပြုသည့် တန်ဖိုးနည်း ၁၅၀၀ တန် Sim Card များအား သက်တမ်းတိုး ဆောင်ရွက်လိုပါက ဗိုလ်အောင်ကျော်လမ်းရှိ ဗဟိုစာတိုက်ကြီး အပေါ်ထပ်တွင် ဆောင်ရွက်နိုင်ကြောင်း သိရသည်။ အကြောင်း အမျိုးမျိုးကြောင့် ရက်လွန်ပါက သက်တမ်းတိုး လျှောက်ထားနိုင်မည်ဖြစ်ပြီး လျှောက်ထားရန် စာချုပ်၊ ဖုန်းကတ်၊ မှတ်ပုံတင် မိတ္တူတို့ လိုအပ်မည်ဖြစ်ကြောင်း သိရသည်။ အကယ်၍ သက်ဆိုင်ရာ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၊ ဌာနတို့မှ စာချုပ်ထုတ်ပေးထားခြင်း မရှိပါက စာချုပ်ထုတ်မပေးရသေးကြောင်း သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ရုံး၊ ဌာနတို့ မှ ထောက်ခံချက် ပါရှိရမည်ဖြစ်ကြောင်း၊ ရက်လွန် ၁၅၀၀ တန် ဆင်းကတ်များ သက်တမ်းတိုး လျှောက်ထားနိုင်ခြင်းနှင့် ပတ်သက်၍ ဇူလိုင်လ ၂၅ ရက်ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

သက်တမ်းလွန်ရခြင်းအတွက် ထောက်ခံချက် (ကတ်ထုတ်ပေးသည့် သက်ဆိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ရုံး၊ ဌာန၏ ထောက်ခံချက်) ပိုင်ရှင်၏ နိုင်ငံသားစိစစ်ရေးကတ် မိတ္တူတစ်စောင် စသည့် စာရွက်စာတမ်းများနှင့် တိုင်းဒေသကြီးမန်နေဂျာထံ လိပ်မူ၍ လျှောက်ထားနိုင်ကြောင်း ဖော်ပြထားသည်။ ဖုန်းကတ်ဝယ်ယူထားသည့်နေ့မှစ၍ ၁၅ရက်အတွင်း တယ်လီဖုန်းဆင်းကတ်တွင် မူလထည့်သွင်းပေးထားသည့် တယ်လီဖုန်းခေါ်ဆိုခ ၃၀၀ ကျပ် မကုန်မီ တယ်လီဖုန်းသုံးစွဲသူသည် အနည်းဆုံး ၅၀၀၀ ကျပ်တန် ကြိုတင်ငွေဖြည့်ကတ်ဖြင့် ငွေဖြည့်သုံးစွဲရမည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက သတင်းထုတ်ပြန်ထားသည်။

ဆင်းကတ်ကို အခြားသူတစ်ဦးဦးသို့ လက်ဆင့်ကမ်းရောင်းချခြင်းမှ ကာကွယ်ရန်အတွက် ၁၅ ရက်အတွင်း အသုံးပြုခြင်းမရှိပါက အဆိုပါဖုန်းကတ်သည် အလိုအလျောက် လိုင်းပိတ်သွားမည် ဖြစ်ကြောင်းသိရသည်။ ၎င်း တန်ဖိုးနည်း မိုဘိုင်းဖုန်းများကို လစဉ် ကြိုတင်ငွေဖြည့်ကတ်ဖြင့် ပြောဆိုခ ကျပ် ၂၅၀၀ အနည်းဆုံး သုံးစွဲရန် သတ်မှတ်ထားပြီးဖြစ်၍ နှစ်လပြည့်သော်လည်း ကြိုတင်ငွေဖြည့်ကတ် မှ ၅၀၀၀ ကျပ်ကို အပြည့်မသုံးစွဲပါက အလိုအလျောက် ကျပ် ၅၀၀၀ ပြည့်သည်အထိ ဖြတ်တောက်သွားမည်ဖြစ်ကြောင်း၊ ဖြည့်သွင်းထားသောငွေ ကုန်ဆုံးပြီးနောက် ၁၅ ရက်အတွင်း ငွေထပ်မံဖြည့်သွင်းခြင်း မရှိပါက အဆိုပါဖုန်းကတ်သည် အလိုအလျောက် လိုင်းပိတ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇူလိုင် ၃၁ ရက် ခန့်တွင် မြန်မာနိုင်ငံ အတွင်း ရှိ အင်တာနက်လိုင်းများ ပြန်လည်ကောင်းမွန် လာမည်ဖြစ်ကြောင်း


 " ဇူလိုင် ၃၁ ရက် ခန့်တွင် မြန်မာနိုင်ငံ အတွင်း ရှိ အင်တာနက်လိုင်းများ ပြန်လည်ကောင်းမွန် လာမည်ဖြစ်ကြောင်း ခန့်မှန်း သိရသည်။"

၂၉ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ စာမျက်နှာ ၁၁ တွင်ပါရှိသော အင်တာနက် ကေဘယ်ဆက်ကြောင်း ပြုပြင်မှုအခြေအနေ။

Conferendo( VZO for Phone) !

ကဲ…တစ်လောက မေးမေးနေကြတဲ့ ဖုန်းပေါ်မှာ VZO သုံးချင်လို့ ဆိုပြီးမေးမေးနေလို့ 
တင်ပေးလိုက်ပါပြီဗျာ…ဒီကောင်လေးကတော့
ဖုန်းပေါ်မှာ vzo လို သုံးချင်နေတဲ့ သူငယ်ချင်းတွေ အတွက်အဆင်ပြေမယ်ထင်ပါတယ်ဗျာ…
ဒီကောင်လေးကိုသိပ်ပြီးတော့ ပြောစရာတောင်လိုမယ်မထင်ဘူးနော်…
ကွန်ပြူတာ အတိုင်း VZO သုံးလို့ ရတော့ သုံးစွဲရတာ နှစ်သက်မယ်ထင်တယ်ဗျ
ဆိုက်ကလည်း သိပ်မကြီးတော့ သုံးရတာအဆင်ပြေမယ်ထင်ပါတယ်ဗျာ…
7MB သာသာလေးရယ်ဆိုတော့ သုံးရတာအဆင်ပြေမှာပါ
ကြည့်လိုက်ပါအုန်းဗျာ….




444



111

3333


ပြီးရင်တော့ ဒေါင်းလိုက်ကြပါအုန်းဗျာ…

Download ( Conferendo )

Download ( Conferendo )

အားလုံးအဆင်ပြေကြပါစေဗျာ….

28 July 2013

Android 4.0 နှင့်အထက် ဖုန်းတွေမှာ မြန်မာဖောင့်ကို Manual နည်းနဲ့တင်ရအောင်


Samsung Glaxy S3 မှာ မြန်မာစာကို Manual နည်းနဲ့သွင်းကြည့်ရင်း အဆင်ပြေတယ်.. တစ်ခြား ဖုန်းတွေမှာလည်း လုပ်ကြည့်ပြီးသလောက် အဆင်ပြေတဲ့အတွက် Android Version 4.0 နှင့်အထက်တွေမှာ မြန်မာစာ မမှန်တဲ့ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းဟောင်းလေး တစ်ခု  ပြန်လည် မျှဝေလိုက်ပါတယ်.. 4.1.2 ထိ အဆင်ပြေတာတွေ့ရပါတယ်.. တစ်ခြားလူ အဆင်ပြေမယ်လို့တော့ အာမမခံနိုင်ပါ. ကျွန်တော် အဆင်ပြေလို့သာ တစ်ခြားလူတွေလည်း လုပ်လို့ရအောင် တင်ပေးလိုက်ခြင်းသာ ဖြစ်ပါတယ်ခင်ဗျာ..

နည်းလမ်း

မြန်မာ font ပေါ်ရင် ပြီးပြီ ဆိုသူများအတွက်တော့ အောက်ပါ fontchanger ကို install လုပ်လိုက်ရင်ရပါပြီ။
မြန်မာ စာပေါ်ရုံဖြင့် အားမရသေးဘူး။ display ထဲက font style မှ english font style များကို design စုံ ပြောင်း ချင်သူများအတွက်တော့ အောက်ပါနည်းကို သုံးရပါမည်။
အောက်ပါနည်းကို သုံးလျှင် မြန်မာ font နှင့် English font များကို အဆင်ပြေပြေသုံးနိုင်သော်လည်း တခြား တရုတ် font များကိုတော့ မြင်တွေ့ရမှာ မဟုတ်တော့ပါ။
လိုအပ်သော root explore နှင့် droidsanfallback.ttf ကို အောက်တွင်ဒေါင်းပါ။
၁။ root explore ကို install လုပ်လိုက်ပါ။
၂။ download ဆွဲထားသော Droidsansfallback.ttf ကို sd card ထဲ ထည့်ထားပါ။
၃။ root explore ကို run လိုက်ပါ။ super user permission ပေးလိုက်ပါ
၎။ sd card ထဲမှာ ထည့်ထားတဲ့ Droidsansfallback.ttf ကို ၃ စက္ကန့်လောက် ဖိနှိပ်ပြီး copy ကို ရွေးလိုက်ပါ
၅။ system/fonts ကို ရောက်လျှင်ညာဘက် အပေါ်ဒေါင့်က Mount R/W ကို နှိပ်ပြီး Mount R/O ဖြစ်အောင်ပြောင်းပါ။ ပြီးလျှင် paste လုပ်လိုက်ပါ။ overwrite လုပ်မလားလို့မေးရင် Yes ကိုရွေးလိုက်ပါ။
၆။ paste လုပ်လိုက်သော droidsanfallback.ttf ကို ၃ စက္ကန့်လောက် ဖိနှိပ်ပါပြီး permissions ကိုနှိပ်လိုက်ပါ။
၇။ permissions ကို rw-r-r ဖြစ်အောင် အောက်က ပုံအတိုင်း အမှန်ခြစ်ပေးပါ။

၈။ အခုဆိုရင်တော့ samsung 4.0 အထက် ဖုန်းတွေမှာ မြန်မာစာကိုလည်း ကောင်းကောင်း မြင်၇သလို၊ English စာကိုလည်း design မျိုးစုံနဲ့ ဖတ်လို့ ရေးလို့ရပါပြီ။

အဆင်ပြေပါစေ..

ကိုလှ နည်းပညာ
www.hlaminzaw.blogspot.com

ဒီပို့စ်ကို http://freemobilesharing.blogspot.com က ရခဲ့တာဖြစ်ပြီး အဆင်ပြေတဲ့နည်းလမ်းကောင်းလေးတစ်ခုဖြစ်တဲ့အတွက် Credit ပေးပါတယ်ခင်ဗျာ..

usb on မထား၊ CWM တင်မထား၊ root လုပ်မထားဘဲ recovery ရှိယုံနဲ့ huawei phone screen lock ကိုဖြည်မယ်



အောက်မှာပေးထားတဲ့ zip ဖိုင်လေးကို sd ကဒ်ထဲထဲ့ပြီး သက်ဆိုင်ရာကီးကိုနှိပ်ပြီး recovery ထဲ ၀င်လိုက်ပါ။ ပြီးရင် update from sd card ကနေ ခုနဖိုင်လေးကို ရွေးပေးလိုက်ပါ။ ကျွန်တော့ဆီမှာတော့ U8950D နဲ့စမ်းတာတော့ OK တယ်ဗျာ.... စမ်းကြည့်ပေါ့။ အန္တရာယ်တော့ မရှိပါဘူး။ ကျွန်တော်စမ်းလုပ်ထားတာပါ။ မှားတာပါရင်လည်း ဆရာများက သင်ပြပေးပါလို့....



Huawei Phone Recovery Mode ဝင်ရန် = ဖုန်းကို ပါဝါပိတ်.. Volume Up ခလုတ်နဲ့ Power ခလုတ်ကို တွဲနှိပ်ထားပါ.. update from SD card ကိုရောက်ရန် Volume Up နဲ့ Volume Down ခလုတ်နဲ့ရွေးရပါတယ်..  ရွှေ့ပြီးရင် Home ကိုတစ်ချက်နှိပ်ပေးရပါမယ်..

ဖိုင်တွေကို အမြန်ဆန်ဆုံးကူးချင်သူတွေအတွက် ExtremeCopy 2.3.4 (x86/x64) | 8 MB

  7 လပိုင်း 22 ရက်နေမှာ ထွက်ရှိလာတဲ့ ExtremeCopy အသစ်လေးပါ
ExtremeCopy အသုံးပြုတဲ့ သူငယ်ချင်းတွေအတွက်နောက်ဆုံးထွက်လေးပါ
ဒါကတော့ တော်တော်များများသိမှာပါ ကွန်ပျူတာမှာ ဖိုင်တွေ အလွဲအပြောင်း ကော်ပီလုပ်တဲ့အခါ
မြန်မြန်ဆန်ဆန် ကူးနိုင်အောင် ပြောင်းနိုင်အောင် အထောက်ပံပေးတဲ့ဆောစ့်ဝဲလ်လေးပါ
အသုံးပြုမယ်ဆို အောက်ကလိပ်စာမှာရယူနိုင်ပါတယ်
လိုင်စင်ထည့်တဲ့အချိန် အင်တာနက်လေးခဏပိတ်ထားပါ

Samsung Galaxy S4 မှာပါတဲ့ Air Call Accept ကို Android ဖုန်းတိုင်းသုံးနိုင်ပြီ။ Air Call-Accept v1.1 apk For Android


ခေါင်းစဉ်လေးကိုမြင်လိုက်တာနဲ့ဘဲ စိတ်ဝင်စားသွားကြလိမ့်မယ်လို့ထင်ပါတယ်ဗျာ။ ကျွန်တော်လည်း အတော်လေး စိတ်ဝင်စားခဲ့ပါတယ်။ ဘာလို့လည်းဆိုတော့ Galaxy S4 မှာပါတဲ့ နာမည်ကြီးတဲ့ Feature တစ်ခုဖြစ်တဲ့ Air Call Accept ဆိုတဲ့ Function ကိုအသုံးပြုချင်တယ်ဆိုရင်တော့ Galaxy S4 မှာဘဲအသုံးပြု နိုင်ခဲ့တာပါ။ အခုဆိုရင်တော့ Android OS 1.5 နှင့်အထက်ရှိတဲ့ မည်သည့် Hand Set မှာမဆို Air Call-Accept ဆိုတဲ့ Function ကိုအသုံးပြုနိုင်နေပါပြီ။ အဲဒီ Function လေးကတော့ ဖုန်းလာတဲ့အခါမှာ ဖုန်းကို ထိစရာကိုင်စရာမလိုဘဲ ဖုန်းရဲ့ မျက်နှာပြင်ပေါ်ကို လက်လေးနဲ့ လှုပ်ရမ်းလိုက်ရုံနဲ့ ဖုန်းကိုင်ပြီးသားဖြစ်မှာပါ အတော်လေးတော့ လန်းပါတယ်ဗျာ။



**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။

Phone ထဲက Data တွေကို ရိုးရိုးလေး Backup လုပ်မယ် Super Backup.apk

 အပေါ်မှာမြင်တဲ့အတိုင်းပဲနော် ကိုယ် Backup လုပ်ထားချင်တဲ့ဟာကို ရိုးရိုးရှင်းရှင်းလေးလုပ်ထားလို့ရပါတယ်ခင်ဗျာ . . . လိုချင်သူများဒေါင်းနိုင်ပါပြီ
အဆင်ပြေပါစေ . . .

ဖုန်းမလာပါနဲ့ APK မြန်မာလို

ဖုန်းမလာပါနဲ့ APK

==========

မိမိကို နှောင့်ယှက်မယ့် ဖုန်းသရဲတွေ မ၀င်လာအောင်နဲ့

မိမိ မ၀င်စေချင်တဲ့ ဖုန်းနံပါတ် တစ်ခုချင်းဆီကိုလည်း ပိတ်ထားနိုင်မယ့်

Easy Filter ဆိုတဲ့ Black List ဆော့ဝဲကောင်းလေးကို

ကိုကျော်ညိမ်းသွင် က မြန်မာမှုပြန်လုပ်ထားတာပါ

တော်တော်လေးအဆင်ပြေပါတယ် 

ဖိုင်ဆိုဒ်ကလည်း KB ပဲရှိတော့ လူတိုင်းဒေါင်းနိုင်ပါတယ်




ဒီမှာလည်း ဒေါင်းလို့ရပါတယ် ခင်ဗျာ


ဓါတ်ပုံတွေကို စိတ်ကြိုက်ပြင်ပေးမဲ့ Photo Editor

ကိုယ့်ပုံတွေနဲ့ ကိုယ်ရိုက်ထားတဲ့ ဓါတ်ပုံတွေကို လှလှလေးတွေဖြစ်အောင်လို့ ပြင်ပေးမဲ့ Photo editor လေးပါ။ Resolution တွေလဲ မျိုးစုံပါဝင်တယ်ဆိုတော့ အကြိုက်တွေ့ကြမှာပါ။ ကြော်ငြာ poster ပုံတွေဖြစ်အောင်လုပ်နိုင်ခြင်း၊ ကားပုံတွေထည့်နိုင်ခြင်း၊ကမ္ဘာကျော်လူကြိုက်များကြတဲ့ နာမည်ကြီး celebrities ပုံတွေနဲ့ပြုပြင်နိုင်ခြင်း၊ ခဲခြစ်ပန်းချီပုံစံမျိုး ပြင်နိုင်ခြင်း၊ fashion ပုံတွေပြောင်း
လဲပေးနိုင်ခြင်း၊ Frames ဘောင်တွေထည့်နိုင်ခြင်းတွေ နဲ့ တခြားပြင်လို့ရတာတွေ အများ ကြီးရှိပါသေးတယ်။ အသုံးပြုပုံကတော့ ရိုးရှင်းပါတယ်။ ဒီ application လေးကိုဖွင့်ပြီး ကိုယ် edit လုပ်ချင်တဲ့ ပုံကို ရွေးပြီးတော့ ကြိုက်နှစ်သက်တဲ့ effect template ကိုပြောင်းကာ
save လုပ်ပေးလိုက်ရုံပါပဲဗျာ။ ပြီးတော့ ကိုယ့်သူငယ်ချင်းတွေကို share ချင်တယ်ဆိုရင် sms , email , facebook , twitter တို့ကနေပြီးတော့ share လုပ်နိုင်ပါတယ်ဗျာ။ Andorid version 2.0.1 အထက်မှာ အသုံးပြုနိုင်ပါတယ်။ အောက်ကပုံတွေကိုကြည့်ပြီးလေ့လာနိုင်ပါတယ်ဗျာ။


အောက်က link ကနေ download လုပ်ယူနိုင်ပါတယ်ဗျာ။

Download Here

Download Here

အားလုံးအဆင်ပြေကြပါစေဗျာ။

Tera Downloads Grátis 1.0 ( အလွယ်တကူ download လုပ်ကြမယ်)

ဒီ application လေးက သီချင်းတွေ download ဆွဲခြင်း၊ စာအုပ်တွေ download ဆွဲခြင်း၊ application နဲ့ game တွေကို download ဆွဲခြင်း၊ android application တွေ၊ java application တွေ၊ windows application တွေ၊ iphone application တွေကို အလွယ်တကူ download လုပ်လို့ရအောင် ကူညီပေးမဲ့ software လေးပါ။ အသုံးပြုရတာလဲ ဖုန်းအမျိုးအစားမရွေးအသုံးပြုနိုင်တာကိုတွေ့ရပါတယ်။ Android version 1.6 နဲ့အထက်မှာ အသုံးပြုလို့ရနိုင်တာကလည်း ဒီ application လေးရဲ့ အားသာချက်လို့ပြော ရပါလိမ့်မယ်။ 
အောက်က link ကနေ download လုပ်နိုင်ပါတယ်ဗျာ ။
အားလုံးအဆင်ပြေကြပါစေဗျာ။

ဘောလုံးနဲ့ပက်သက်တဲ့သတင်းတိုင်းကို ဖတ်ရှုနိုင်မယ့် Football Café v1.0 For Android

အခု Application လေးကို တင်ပေးချင်နေတာကြာပါပြီ ကျွန်တော်ကိုယ်တိုင်ဖန်တီး ထားတာဖြစ်လို့ Error ကင်းမကင်း စစ်နေလို့ နည်းနည်းလေးကြာသွားတာပါ။ ဘောလုံးဝါသနာရှင်သူငယ်ချင်းများ လုံးဝကို အကြိုက်တွေ့စေရ မယ်လို့ အာမခံပါတယ်ဗျာ။ အခု Application ရေးပြီး ပြန်လည်မျှဝေဖို့ကိုလည်း Football Cafe မှာ ခွင့်ပြုချက်ကျွန်တော်ယူပြီးသွားပါပြီ။ ဘောလုံးသတင်းများကို အချိန်နဲ့ တပြေးညီဖတ်ရှုနိုင်မယ့် Application လေးဖြစ် ပါတယ်ဗျာ။ သတင်းတွေကိုတော့ အင်တာနက်လေးဖွင့်ပြီး 5မိနစ် 10မိနစ်လောက် ဆွဲပြီးတာနဲ့ Offline ပြန် ဖတ်နိုင်မှာဖြစ်ပါတယ်။ ဒီကောင်လေးကတော့ သတင်းတင်မဟုတ်ဘဲ ဘောလုံးပွဲ High Light တွေကိုလည်း ကြည့်ရမှာဖြစ်ပါတယ်။ High Light တွေကိုကြည့်ဖို့ကတော့ Link လေးပေး ထားပါတယ်။ အင်တာနက်ကွန်န ရှင်နဲ့ ၀င်ကြည့်ရုံပါဘဲဗျာ။ အခု Screen Shoot ရိုက်ပြထားတာကတော့ ကျွန်တော့ဖုန်းနဲ့ အဆင်ပြေလို့နမူ နာရိုက်ပြီး တင်ပေးလိုက်တာပါ။ မည်သည့် Android OS မှာမဆို အဆင်ပြေပြေ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ 


**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။