13 January 2014

App တစ်ခုတည်းနဲ့ Root လုပ်ခြင်း Myanmar Font ထည့်သွင်းခြင်းကို လုပ်ဆောင်နိုင်မည်

ဒီရက်ပိုင်း Android OS ဖုန်းအသုံးပြုသူတွေအတွက် ဘာဆော့ဝဲရေးရင်ကောင်းမလဲလို့စဉ်းစားရင်းနဲ့
အခုမှဖုန်းစသုံးမယ့် user တွေရော ၊ သုံးနေကျ users တွေရောလိုအပ်မယ့်ဆော့ဝဲတစ်ခုကိုရေးသားဖြစ်သွားပါတယ်။ ဆော့ဝဲနာမည်ကိုတော့
MMAS Root & Font Installer လို့အမည်ပေးထားပါတယ်။ ဒီဆော့ဝဲလေးက ဘာတွေလုပ်ဆောင်ပေးနိုင်မလဲဆိုရင် ဖုန်းကို root လုပ်ခြင်း ၊ မြန်မာဖောင့်ထည့်ခြင်း ၊ မြန်မာကီးဘုတ်ထည့်ခြင်းများကို MMAS Root & Font Installer တစ်ခုထဲနဲ့တင် ဖုန်းကို root လုပ်နိုင် ၊ မြန်မာ Font ထည့်သွင်းနိုင် ၊ မြန်မာကီးဘုတ်ထည့်သွင်းနိုင်ပြီဖြစ်ပါတယ်။ 
 
ဒီဆော့ဝဲလေးကို ကျွန်တော် အရင်တုန်းကရေးနေကျဆော့ဝဲပုံစံတွေနဲ့မတူဘဲ ဒီဇိုင်း layout ပိုင်းကိုသိသိသာသာပြောင်းလဲရေးသားထားပါတယ်။ အသုံးများတဲ့ Root Tool တွေဖြစ်တဲ့ vRoot,Baidu Root ဆော့ဝဲများ ၊ users ရဲ့ဖုန်းတွေကို error အနည်းဆုံးနဲ့ မြန်မာစာထည့်သွင်းပေးမယ့် Z.F.C Zawgyi Changer ၊ မြန်မာကီးဘုတ်အတွက်အကောင်းဆုံးကီးဘုတ်ဖြစ်တဲ့ Bagan Keyboard Pro တို့ကို MMAS Root & Font Installer ဆော့ဝဲထဲမှာတစ်ပါတည်းထည့်သွင်းပေးထားပါတယ်။
 
 ဒါကြောင့် ဖုန်းကို root လုပ်ချင်သူ ၊ မြန်မာ Font ထည့်ချင်သူ ၊ မြန်မာကီးဘုတ်ထည့်ချင်သူတွေအနေနဲ့ MMAS Root & Font Installer ဆော့ဝဲကိုဖုန်းမှာသွင်းထားလိုက်ရင် အားလုံးပြည့်စုံသွားမှာဖြစ်ပါတယ်။ MMAS Root & Font Installer for Android ကို Android 4.0 နှင့်အထက်ဖုန်းတိုင်းမှာအသုံးပြုနိုင်ပါတယ်။

MMAS Root & Font Installer for Android ကို အောက်က link မှာရယူနိုင်ပါတယ်။

http://d-h.st/y14

အားလုံးပဲအဆင်ပြေကြပါစေ။

သက်နိုင်စိုး (Myanmar Mobile App Store)

Android ဖုန်းတွေက Password , Pattern Lock, တွေမေ့သွားရင် ဘယ်လိုဖြေရှင်းမလဲ ?


Android Device တွေက Pattern Lock , Password တွေမေ့သွားလို့ မမှတ်မိတော့ဘူးဆိုရင် အလွယ်တကူ ဖြုတ်ပြစ်နိုင်ပါတယ်...

မိမိဖုန်း Setting မှ USB Debugging ကို Enable ပေးထားရပါ့မယ်.. ဒီအဆင့်ကို များသောအားဖြင့် Root ဖေါက်ထားတဲ့ ဖုန်းတိုင်း ON ထားတတ်ကြပါတယ်။  ဒါလေးကို Android ဖုန်းကိုင်သူတိုင်း On လုပ်ထားကြစေချင်ပါတယ်... ဖုန်းမှာ USB Debugging ကိုအမြဲ ဖွင့်ထားပါ။

USB Debugging ကို အောက်ပါအတိုင်း ဖွင့်ထားနိုင်ပါတယ်..။
 Android Version 2.3.x  တွေမှာဆိုရင် Setting > Application > Development ကတဆင့် USB debugging ကို Check လုပ်ပြီး On ထားနိုင်ပါတယ်။ ICS(4.0.x) နဲ့ Jelly Bean(4.1.x) တွေဆိုရင်တော့ Setting > Developer options ကတဆင့် USB debugging ကို On ထားနိုင်ပါတယ်...  အကြောင်းအမျိုးမျိုးကြောင့် Firmware ကျသွားတာမျိုး ဒါမှမဟုတ် ခုလို Pattern Lock / Pin / Password Lock တစ်ခုခုကျသွားတဲ့ပြဿနာမျိုးကို ပြန်လည်ဖြေရှင်းတဲ့အခါ ဆိုင်သွားစရာမလိုပဲ ကိုယ်တိုင်ဖြေရှင်းလို့ရနိုင်မှာပါ..။
အရင်ဆုံး မိမိ ကွန်ပျူတာမှာ Driver ရှိရပါမယ်...  လိုအပ်တဲ့ USB Driver တွေကို  ဒီနေရာ ကတဆင့် သက်ဆိုင်ရာ Driver ကို ဒေါင်းယူပြီး Install လုပ်ပါ.. ။
ပြီးရင် ဒီ Shuame ဆိုတဲ့ Root Tool ကို ဒေါင်းယူ Install လုပ်ပါ..
 (ဒီ Tool လေးက Root ဖေါက်နိုင်တဲ့အပြင် တခြား အသုံးဝင်တဲ့ Feature တွေလည်းအများကြီး လုပ်ဆောင်နိုင်ပါသေးတယ်.. Android Devices ကိုင်ဆောင်ထားတဲ့ သူတိုင်း ဆောင်ထားသင့်တဲ့ Root Tool လေးပါ) 
လိုအပ်တဲ့ Driver လည်း Install ပြီးပြီ ဆိုရင် Shuame Root Tool ကို Run လိုက်ပါ... Pattern Lock,Password မေ့နေတဲ့ ဖုန်းကို USB Cable ကတဆင့် ကွန်ပျူတာနဲ့ ချိတ်လိုက်ပါ... ကျန်တာတွေကိုတော့  အောက်က ပုံလေးတွေထဲအတိုင်း နံပါတ် အစဉ်လိုက် နှိပ်ပေးလိုက်ပါ..။(ပုံသေးနေရင် ပုံကို Click လိုက်ပါ)
အားလုံးပြီးရင် Pattern Lock , Password မေ့နေတဲ့ ဖုန်းကို ကြိုက်သလို ဆွဲ လိုက်ပါ... ပြန်ပွင့်သွားပါပြီ..။

အပေါ်ကနည်းအတိုင်းပဲ PIN Password ကိုလည်း ဖြုတ်ပြစ်နိုင်ပါတယ်...။





အဆင်ပြေကြပါစေ..


xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ဒါကတော့ USB Debugging ကို ON မထားမိဘူး Root လည်းဖေါက်မထားတဲ့ Android Device တွေအတွက်ပါ....  အောက်က Tool လေးနဲ့ ဖြေရှင်းနိုင်ပါတယ်..။ မြန်မာ Developer ကို Psychist Naing Lynn ရေးထားတဲ့ Tool လေးပါ..။



USB Debugging On ထားစရာမလိုဘဲ ဖုန်းမှ Pattern Lock များကိုဖြုတ်နိုင်တဲ့ Tool လေးပါ... ဒီ Tool လေးကိုရေးသား ဖန်တီးသူကတော့ ကို Psychist Naing Lynn ဖြစ်ပါတယ်။ Samsung Ace,Huawei y511, g520 g525 auxv920 နဲ့ Huawei တော်တော်များများမှာစမ်းသပ်အောင်မြင်ထားတယ်လို့ဆိုပါတယ်။ ကျန်တဲ့ဖုန်းတော်တ်ာများများမှာလည်းအဆင်ပြေပါလိမ့်မယ်။

File Password က nainglynn ပါ။

အသုံးပြုနည်းကတော့ ဖုန်းကို Recovery Mode  ကို ဝင်ပါ....  USB Cabel  မှ တဆင့် ကွန်ပျူတာနှင့်ချိတ်ပါ ...ပြီးရင် ဇစ်ဖိုင်ထဲက  AndroidSystemTool .bat ကို Run ပါ။ Reboot ကျပြီးပြန်တက်လာရင် Pattern Lock ပျက်သွားပါပြီ .... ကွန်ပျူတာ, ဖုန်း တွေ မတူနိုင်တဲ့အတွက် တချို့ဖုန်းတွေမှာတော့ အဆင်ပြေချင်မှပြေပါလိမ့်မယ်

Click Here to Download

အသံမျိုးစုံ ringtone apk

ဒီတစ်ခါတော့ ကျွန်တော် မြန်မာမှု့ ပြုထားတဲ့ apk လေး တစ်ခုကို လိုအပ်တယ့် သူငယ်ချင်းများအတွက် ပေးချင်ပါတယ်... ကျွန်တော်တို့တွေ ဖုန်းမှာ
ringtone လေးတွေသုံးကြတဲ့အခါ..နည်းနည်းကြာလာရင် ရိုးလာတာမျိုးလေးတွေ ဖြစ်တက်ကြပါတယ်...မိမိဖုန်းရဲ့ ringtone လေးတွေကိုလည်း
 သူများတွေထက် ဆန်းပြားချင်ကြပါတယ်...
 မိမိကြိုက်တဲ့ သီချင်းလေးတွေကို ringtone လေးတွေလုပ်ထားသူတွေလည်းရှိကြပါတယ်... ဒါပေမယ့်တစ်ခါတစ်လေကြ..ကြိုက်တာတွေက
များတဲ့အခါ ဘယ် ringtone ကို ထားရမလဲ အရွေးရခက်လှပါတယ်... ခုပေးမယ့် apk လေးကတော့ အဲဒီပြဿနာတွေကို ဖြေရှင်းပေးမှာပါ...သူ့ရဲ့
လုပ်ဆောင်ချက်တွေကတော့ မိမိစိတ်ကြိုက်တည်းဖြတ်ထားတဲ့ ringtone လေးတွေကို ရွေးပေးထားယုံနဲ့... အလှည့်ကျမြည်ပေးမှာဖြစ်ပါတယ်...
ဖုန်းတွေမှာ official ပါသလိုမျိုး contant တစ်ယောက် ringtone တစ်မျိုးဆိုတာမျိုးမဟုတ်ပဲ...ဘယ်သူခေါ်ခေါ် သူကရွေးပေးထားတဲ့ ringtone
တွေကို လှည့်ပတ်ပြီး မြည်စေမှာဖြစ်ပါတယ်...တစ်ခါခေါ်ရင် တစ်မျိုးကြားရမှာပါ.. ဒီ apk လေးဟာ ၂၀၁၀ လောက်ကတည်းကထွက်ရှိနေတဲ့ apk လေး
ဖြစ်ပါတယ်...ဒါပေမယ့် သူ့လုပ်ဆောင်ချက်နဲ့သူ အားလုံးပြည့်စုံနေတာကြောင့် ဒီနေ့ထိ update
ထက်မထွက်တော့ပါဘူး..playstore မှာရောင်းတာကလည်း အရင်က ထွက်ထားတဲ့ဟာပါပဲ... အခုတော့ အမြင်တစ်မျိုးဆန်းပြားအောင်..တက်နိုင်သရွေ့
မြန်မာအငွေ့အသတ်တွေချည်းပဲ ရအောင် ပြန်ပြင်ပေးထားပါတယ်...ဒီ apk လေးကိုတော့ " အသံမျိုးစုံ" လို့ ကျွန်တော်နာမည်ပေးထားပါတယ်...လိုချင်သော
သူငယ်ချင်းများ အောက်မှာ ဒေါင်းယူနိုင်ပါတယ်
 
password များလိုအပ်ခဲ့ရင်တော့ thawtoewai လို့ ရိုက်ထည့်ပါ

 
ဖုန်း ကနေ ဒေါင်းမယ် ဆို ဒီအောက်မှာ ယူလိုက်ပါ
THAW TOE WAI{MMUG}