07 August 2013

huawei g610s-u00 firmware တင်ကြမယ်

huawei g610s-u00 firmware တင်ချင်တယ်ဆိုတဲ့ ညီလေးteenwolf.tw18 အတွက်ပါ မေးထဲကနေတောင်းလာလို့ ပြန်မျှဝေပေးလိုက်ပါတယ်။huawei  firmware တင်တာလွယ်လွယ်လေးပါဗျာ။အားအားရှိဆိုင်မပြေးရအောင်လိုက်လုပ်ကြည့် ပါ။huawei တွေအားလုံး firmware တင်တာအကုန်တူပါတယ်။ခြွင်းချက်တော့ ရှိနိုင်ပါတယ်။firmware တင်မယ်ဆိုရင် SD Card ကောင်းကောင်းတော့ လိုမယ်နော်။ကဲစလိုက်ရအောင်။

(အဆင့် -၁) လိုအပ်တဲ့  frimware ကို ဒီမှာ  ကွက်တိရှာဒေါင်းပါ။ မေးထဲကနေမပြည့် မစုံမေးတဲ့ ဒုက္ခမခံနိုင်တော့ လို့ေိေိ ဒီနည်းကိုသုံးလိုက်ပါတယ်။လက်သည်အားမကိုးကြေးနော်ေိေိ။ဒီမှာ လည်းယူလို့ ရပါတယ်နော်။

(အဆင့် -၂) ဒေါင်းလို့ ရလာတဲ့  zip ဖိုင်ကိုဖြေပြိး sd card ထဲကိုထည့် ပါ။

(အဆင့် -၃)ဖုန်းရဲ့ vol-up + vol-down ပြိုင်တူဖိနှိပ်ပြီ power ကိုဖွင့်ပေးလိုက်ရင်
သူဟာသူအောတို firmware တင်ပေးသွားမှာပါ
တကယ်လို့ မှားရင်လည်း ဒီမှာ ပြန်ပြီးဒီထဲကအတိုင်းလိုက်လုပ်ပေးပါ။
ကျွန်တော့် ဘလော့ လေးကိုလာလည်ကျတဲ့ သူငယ်ချင်းများအားလုံးကိုကျေးဇူးတင်လျှက်

1 comment: