30 September 2013

Android phone နဲ. ဖေ့ဘွတ်သုံးရင်း auto logout ဖြစ်သောပြသနာအားဖြေရှင်းကြည့်ခြင်း(100% အာမခံသည်။)))

ကျွန်တော်လဲ ဖုန်းနဲ. facebook သုံးပါတယ် ဘာလို.ဆို မီးပျက်လို.ပါ (ကြော်ငြာဝင်ထှာာာ ခိခိ)။
ဖုန်းနဲ.သုံးရင်း နဲ. သူများတွေတင်ထားတဲ့ ပိုစ့်တစ်ခုကို Like လုပ်လိုက်ရင် စပီးပြသနာတက်ပါတယ်။ဘာပြသနာလဲဆိုရင်
Auto သူ.ဟာသူ logout သွားတဲ့ ပြသနာပါ။ အဲ့တာနဲ.နောက်ပိုင်း ဖုန်းနဲ.သုံးရင်း လိုက်ခ် လုပ်ရမှာကို ကြောက်လာပါတယ် :P။
လိုက်ခ် မလုပ်ဘဲ သုံးနေမိတာ အတော်ကြာပါပီ(ကြုံတုံးကြွားတာပါ)။ ကြာလာတော့ အတော်ဆိုးလာပါတယ် ဘယ်လိုဆိုးလာလဲဆိုရင်ဖုန်းထဲကဖေ့ဘွတ် application ကနေ
ဖေ့ဘွတ်အကောင့်ကို ဖွင့်လို.မရအောင် ကို ဆိုးလာပါတယ် ဆာဗာerror တက်တယ် ဘာညာပေါ့ဗှာ စာတန်းအရှည် ကြီးနဲ.ကို ပြပါတယ်(အလကားနေရင်းနော် :P)။
အရင်ကတော့ အဲ့လိုဖြစ်လာရင် ဖုန်းကို factory reset ချလိုက်ပါတယ်
ခုတော့ အဲ့လိုမလုပ်တော့ပါဘူး တစ်ချက်ခုတ် နှစ်ချက်ပြတ်မဲ့ နည်းလမ်းတစ်ခုကို ကိုယ်တိုင် ကလိရင်း နဲ. တွေ.လာမိတယ်လေ :D
စကားရှည်နေတာနဲ. လိုရင်မရောက်တော့ဘူး ဒီနည်းက ၁၀၀ % အဆင်ပြေမဲ့ နည်းလမ်းပါ ။
like command share ရဲရဲဝံ၀ံ ဖုန်းထဲကနေ ဖေ့ဘွတ်သုံးရင်းလုပ်လို.ရမယ် like လုပ်လို. Auto logout တာ မရှိ တော့ဘူး ဒါ့အပြင် ဖေ့ဘွတ်သုံးရတာ ပိုပီးမြန်ဆန်သွက်လက်လာမယ်
စမ်းကြည့်လိုက်ရအောင်နော်

setting ထဲ သွားပါ ဖေ့ဘွတ် application ကိုတွေ.အောင်ရှာပါ တွေ.ရင် တစ်ချက်နှိပ်ပါ။ အဲ့ဒီမှာ Uninstall ဆိုတာ တွေ ဘာတွေတွေ.ပါလိမ့်မယ်မနှီပ်ပါဘူး အဲ့တာက။ို အောက်နည်းနည်းလောက် ဆင်းကြည့်ပါ။
Clear Data ဆိုတာကို တွေ.ပါလိမ့်မယ် တွေ.ရ့င် တစ်ချက်နှိပ်လိုက်ပါ။ ပီးရင်တော့ အရင်ဝင်နေကြအတိုင်း ဖေ့ဘွတ်ကို ဖွင့်လိုက်ပါ။ အကောင့်တွေ ပက်ဝက်တွေ ပြန်ရိုက်ထည့်ပီး သုံးကြည့်ပါ။ ရဲရဲဝံ၀ံ. နဲ. like လုပ်ကြည်ပါ ပိုစ့်တွေကို
logout လုံးဝမဖြစ်တော့တာကို တွေ.ရပါလိမ့်မယ် ။ ပီးတော့ ဖေ့ဘွတ်သု့းံရတာ ပိုပီးမြန်ဆန်လာပါလိမ့်မယ် ။ဒါ့အပြင် ဖုန်းထဲက နေ ဖေ့ဘွတ်ဝင်လို.မရတဲ့ ပြသနာလဲ ရှင်းသွားပါလိမ့်မယ်။ တစ်ချက်တည်းနဲ. အကုန်ရတယ်နော် တွေ.လား ခိခိ (ရဲရဲဝံ၀ံကြီး လက်မထောင်လိုက်ပါ)

စိတ်ကြိုက်လိုက်ခ် လုပ်ပါ လုံးဝ အောက်စရာအကြောင်းမရှိတော့ပါဘူး ဒါပေမဲ့ တစ်ရက် နှစ်ခါလောက် လုပ်ပေးဖို.တော့ လိုမယ်နော် :)





credit to http://shwenaditechnology.blogspot.com/search/label/Android%20knowledges




အဆင်ပြေပါစေ . . . အဆင်မပြေရင် Comment (or) C-Box မှာပြောခဲ့ပါခင်ဗျာ အတတ်နိုင်ဆုံးအဆင်ပြေအောင်ကြိုးစားပေးပါမယ်

0 comments:

Post a Comment