01 October 2013

G610 Series တွေအတွက် Google app သွင်းနည်းပါ

အားလုံးပဲမင်္ဂလာပါ  G610 Series တွေအတွက် Google app သွင်းနည်းပါ။ ဒီကောင်ကအရင်တုန်းကတင်ထားပါတယ် ဒါပေမယ့် ခုပြန်တင်ပေးလိုက်ပါတယ် လင့်သေတယ်လို့ပြောလို့ပါ။ ခုလည်းဒီကောင်ကို လင့်အသစ်နဲ့တင်ပေးထားပါတယ်။ ခုနောက်ထွက်တဲ့ Myandroid1.4 က G610 ကို Google app သွင်းရင် Error ရှိနေတဲ့အတွက် မသိသေးသူများအဆင်ပြေအောင် ကျွန်တော်စမ်းကြည့်သလောက်အဆင်ပြေတဲ့ Myandroid 1.3 ကိုပဲပြန်တင်ပေးလိုက်ပါတယ်ခင်ဗျာ. . . အဆင်ပြေပြီးသားသူများကတော့ ကျော်သွားလိုက်ပါ။
Password : mmsd
Root မလုပ်ရသေးတဲ့သူများအတွက် V-root English Version 1.6 ကိုဒေါင်းပါ။ ပြီးရင်တော့ ထုံးစံအတိုင်း USB Unknown Source နဲ့ USB Debuggint ကို On ထားပါ။ ဖုန်းကိုကွန်ပျူတာနဲ့ချိတ်ပြီး V-root ကိုဖွင့်ပြီး Root ဆိုတာကို နှိပ်လိုက်ပါ။ ပြီးသွားရင် Restart ကျသွားပါလိမ့်မယ်။ ပြန်တက်လာရင် Root ရပါပြီ။
အဲဒီမှာပြောချင်တာက Super user Grant permission  တောင်းလို့ရှိရင် ညာဘက်ကဟာကို နှိပ်ပေးပါ။ ကဲဒါဆို root တာပြီးပြီနော် . . . Google app ထည့်ကြမယ် V-root ကိုပိတ်လိုက်လို့ရပါပြီ . . .
ထုံစံအတိုင်းUSB Unknown Source နဲ့ USB Debuggint ကို On ထားပါ . . . ဖုန်းကို ကွန်ပျူတာနဲ့ ချိတ်လိုက်ပါ။
Myandroid1.3.exe ကိုဖွင့်လိုက်ပါ အောက်ကပုံလေးအတိုင်းပေါ်လာမယ်
အဲဒီမှာ အနီရောင်ကွင်းထားတဲ့ G-talkသွင်းရန်ဆိုတာကို နှိပ်လိုက်ပါ။ အောက်ကအတိုင်းထပ်ပေါ်လာပါမယ်



အဲဒီမှာ Version အလိုက်သေချာရွေးပေးပါ။ ခုတော့ Jelly Bean ဖြစ်နေလို့ အနီရောင်ဝိုင်းထားတာကို ရွေးလိုက်ပါတယ်။ ပြီးရင်တော့ Start ဆိုတာကိုနှိပ်လိုက်ပါ။ ခဏစောင့်နေလိုက်ပါ . . . ခဏကြာရင်  Google app များသွင်းပါပြီဆိုပြီး ပုံလေးနဲ့တက်လာပါလိမ့်မယ်။ ဖုန်းလည်း Restart ကျသွားပါမယ် ပြန်တက်လာရင်တော့ ကြည့်လိုက်ပါ။ Google app ကို အောင်မြင်စွာထည့်ပြီးသွားပါပြီ သုံးရတာလည်း အဆင်ပြေပါတယ်။ ဘာကြောင့်ဒီပို့စ်ကိုပြန်တင်သလဲဆိုရင် ကျွန်တော် myandroid 1.4 နဲ့စမ်းတာ G-talk မှာ Error ရှိနေလို့ပါ။ သူငယ်ချင်းများလည်း အဆင်ပြေအောင်  ပြန်တင်ပေးခြင်းဖြစ်ပါတယ်။
Download လုပ်ဖို့ Link ကိုနှိပ်ရင် adf.ly or adfoc.us တစ်ခုခုကိုရောက်မယ်.. ညာဘက်အပေါ်ထောင့်နားမှာ 5/6 စက္ကန့်စောင့်ပြီးရင် SKIP AD သို့မဟုတ် Skip ကိုနှိပ်ရပါမယ်.. ဒါဆိုရင် ဖိုင်တင်ထားတဲ့လင့်ကိုရောက်ပါပြီ

အဆင်ပြေပါစေ . . . အဆင်မပြေရင် Comment (or) C-Box မှာပြောခဲ့ပါခင်ဗျာ အတတ်နိုင်ဆုံးအဆင်ပြေအောင်ကြိုးစားပေးပါမယ်

2 comments:

  1. အကိုရေ ပြန်တင်ပေးပါအုံး အကို download မရတော့ဘူး..........

    ReplyDelete